Saturday, June 22, 2013

ဘူဆန် နိုင်ငံခြားသားအလုပ်သမား ကူညီပေးရေးစင်တာမှ ကိုရီးယားစာသင်ယူနေသော ရွှေမြန်မာများကို လေ့လာရေးခရီးပို့ဆောင်ပေးမည်



ဘူဆန်နိုင်ငံခြားသား အလုပ်သမား အကူအညီပေးရေးစင်တာ(BFC) ၏ စဉ်ပေးမှု့အရ ၆လပိုင်း ၂၃ရက်နေ့ တွင် ဂင်ဟဲမြို့ရှိရွှေအလင်းတန်းစာကြည့်တိုက် နှင့် နုတ်ဆန်းမြို့ ကျန်းမာရေးစောင့်ရှောက်မှု့ ရုံးတို့တွင် ကိုရီးယားဘာသာ စကား လေ့လာ သင်ယူနေကြသော မြန်မာညီအကိုများ၏ နွေဦးရာသီ လေ့လာရေး ခရီးစဉ် ထွက်ကြမည် ဖြစ်ပါသည် ။

သွားကြမယ့်နေရာများမှာ ..
၁။ ဘူဆန်မြို့ အမျိုးသားပြတိုက်
၂။ ဟဲဝန်ဒေး ရေအောက်ကမ္ဘာ
၃။ ရှင်ဆေးဂဲလ် ကုန်တိုက်တို့ ဖြစ်သည် ။


ရေအောက်ကမ္ဘာဝင်ကြေး ဝမ် ၁၆၀၀၀ (တစ်သောင်းခြောက်ထောင်)
နေ့လည်စာ တစ်ဦးလျှင် ဝမ် ၆၀၀၀ (ခြောက်ထောင်)
အဆာပြေစာရန် ဝမ် ၁၅၀၀ (တစ်ထောင့်ငါးရာ) တို့ကို (BFC) မှ ကျခံပေးမည် ။
လူဦးရေကို ၄၅ ယောက်အထိသာ (ကားတစ်စီးစာ) သတ်မှတ်ထားပါသည် ။

လိုက်ပါလိုသည့် ကျောင်းသားများ ဆရာမ ဒေါ်ခင်သူဇာ နှင့် ကိုရန်နိုင်စိုး တို့ထံတွင်
ဦးရာလူ စနစ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။ လိုက်ပါမည့်သူများမှာ အသွားအပြန်
ကားခ တစ်ဦးလျှင် ဝမ် ၅၀၀၀ (ငါးထောင်) ကျခံရမည်ဖြစ်ပါသည် ။
လိုက်ပါမည့်သူများ ၂၃ ရက်နေ့ နံနက် ၉ နာရီအရောက် ဂင်မဲမြို့ ဓမ္မယာနအသင်း
ရုံးခန်း အရှေ့သို့ လာရောက် စုဝေးပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည် ။

ဆာဆန်းမြို့ ဓမ္မယာန ဘုန်းကြီးကျောင်းတွင် ကိုရီးယါးဘာသာစကား
သင်ယူနေသော ညီအကိုများအတွက်မူ သင်ကြားရေး ဆရာမနှင့်
သင်တန်း အချိန်အား ညှိနှိုင်းကာ သီးသန့် စီစဉ်ပေးသွားဖြစ်ဖြစ်ပါသည် ။

ရွှေအလင်းတန်း မြန်မာအသင်း(ကိုရီယား)

No comments: