Saturday, June 22, 2013
ကိုရီးယားနိုင်ငံ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဘူဂယောင်း တက္ကသိုလ် နှင့် ဓမ္မယာန မဇ္ဈိမယာန အဖွဲ့တို့မှ ပူးပေါင်းကာ ကိုရီးယားဘာသာစကားသင်တန်းများဖွင့်လှစ်ပေးမည်
ကိုရီးယားနိုင်ငံ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဆောင်ရွက်မှုဖြင့် ဘူဂယောင်း တက္ကသိုလ် နှင့် ဓမ္မယာန မဇ္ဈိမယာန အဖွဲ့တို့မှ ပူးပေါင်းကာ
(၁)ကိုရီးယား ဘာသာစကားသင်တန်း အခြေခံ
(၂)ကိုရီးယား စကားပြော/အရေး/အဖတ် သင်တန်းများ
(၃)ကိုရီးယး ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ (TOPIK) မေးခွန်းဟောင်း သင်တန်း များကို သင်ကြားပေးသွားပါမည်။
တက်ရောက်မည့် ကျောင်းသားများ၏ အရည်အချင်းအလိုက် အတန်းခွဲနိုင်ရန် Korea Level Test စာမေးပွဲများ ဖြေဆိုကြရပါမည်။ သင်တန်းများကို ဇွန်လ (၃၀) ရက်နေ့တွင် စတင်တက်ရောက်ကြမည်ဖြစ်ပါသည်။
သင်ကြားပေးမည့် ဆရာများမှ ကိုရီးယားဘာသာစကား မဟာတန်းများတွင် တက်ရောက်နေသော ဆရာမ ဒေါ်ခင်သူဇာ ၊ ဆရာမ ဒေါ်လဲ့ရည်ထွန်း ၊ ဆရာမ ဒေါ်ငွေကြည်မျိုးနိုင် ၊ ဆရာမ ဒေါ်ထက်မြက် နှင့် ကိုရီးယား ဆရာ/မ များမှ လည်း ပူးပေါင်း သင်ကြားပေးမည် ဖြစ်ပါသည်။
သင်တန်းအချိန်များနှင့် နေရာများမှာဂမ်ဟဲမြို့ရှိ ရွှေအလင်းတန်းစာကြည်တိုက် ရှိ ဓမ္မယာန အသင်း တွင် နေ့လည် (၁၂း၀၀)နာရီ မှ ညနေ(၃း၀၀)နာရီအထိ နှင့် ဆာဆန်ရှိ ဓမ္မယာန အသင်းတွင် နေ့လည် (၁း၀၀) မှ ညနေ (၄း၀၀)အထိ အဆိုပါနေရာများတွင် မြန်မာဆရာမများမှ ၁ နာရီခွဲ ၊ ကိုရီးယားဆရာ/မ များမှ ၁နာရီခွဲ တစ်ချိန်လျှင် (၃) နာရီ ကြာသင်ကြားပေးမည်။
အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြပါသည်။
၁။ ဆရာမ ဒေါ်ခင်သူဇာ ( 010-5756-5641 )
၂။ ဆရာမ ဒေါ်လဲ့ရည်ထွန်း ( 010-8456-5642 )
၃။ ဆရာမ ဒေါ်ငွေကြည်မျိုးနိုင် ( 010-5925-5540 )
၎။ ဆရာမ ဒေါ်ထက်မြက် ( 010-4694-7154 )
သင်တန်းပြီးဆုံးသွားပါက စာမေးပွဲများ ဖြေဆိုကြရပါမည်။ အဆိုပါ စာမေးပွဲကို အောင်မြင်သူများသည် ဘူဂယောင်တက္ကသိုလ်မှ ပေးအပ်သော ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ်များကို ရရှိမည် ဖြစ်ပါသည်။ သင်တန်းကာလအတွင် ကျောင်းခေါ်ချိန် ၄၀% မပြည့်သော ကျောင်းသားများသည် နောက်ထပ်ဖွင့်လှစ်မည့် အတန်းများတွင် တက်ရောက်ခွင့်များ မရရှိနိုင်ကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment