Sunday, July 7, 2013

တောင်ကိုရီးယားနိုင်ငံမှ ပန်းချီ ၊ ပန်းပု ၊ ဓါတ်ပုံ အနုပညာရှင်များ မြန်မာပြည်ကို လေ့လာခရီးလာရောက်မည်

ကိုရီးယားနိုင်ငံမှ ပန်းချီ ၊ ပန်းပု ၊ ဓါတ်ပုံ ၊ ဆောင်းပါးရေးသူများ ပါဝင်သော ကိုရီယားအနုပညာရှင် (၈) ဦးသည် မြန်မာပြည်သို့ ဇူလိုင်လ (၉) ရက်  မှ သြဂုတ်လ (၂)ရက်နေ့ အထိ  (၁)လခန့် သွားရောက်လည်ပတ်ကြမည်ဖြစ်ပါသည်။

အဆိုပါ ကိုရီးယား အနုပညာရှင်များ မြန်မာပြည်သို့ လေ့လာရေးခရီး သွားရောက်ရာတွင် ရွှေအလင်းတန်း မြန်မာအသင်း(ကိုရီးယား) မှ ပံ့ပိုးကူညီပေးရမည့် အချက်များကို တာဝန်ရှိသူများ နှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။


ကိုရီးယား အနုပညာရှင်များသည် မြန်မာပြည်တွင် ရန်ကုန် ၊ မန္တလေး ၊ ပုဂံ ၊ ညောင်ဦးဒေသများသို့ လေ့လာရေးခရီး သွားကာ ပန်းချီဆွဲ ၊ ပန်းပုထု ၊ ဓါတ်ပုံရိုက် ကြမည်ဖြစ်ပါသည်။

ထို့နောက် ဇူလိုင်(၂၂) ရက်နေ့ နောက်ပိုင်းတွင် လှော်ကား တပ်ဦးကျောင်းရှိ ကလေးငယ်များကို စာအုပ် ၊ ခဲတံ ၊ အကျီ ၊ ပန်းချီဆွဲသည့် ကိရိယာများ ၊ ကစားစရာပစ္စည်းများ ကို ကိုရီယား အနုပညာရှင်များမှ လှူဒါန်းကြမည် ဖြစ်ပါသည်။

လှူဒါန်းပွဲသို့ ရွှေအလင်းတန်း မြန်မာအသင်း(ကိုရီးယား)မှ  တာဝန်ရှိသူများဖြစ်သော ဥက္ကဌ ဦးလှထွန်း  နှင့် ကိုဇော်ဝင်းထွန်း ၊ ၉၅ (ဘူမိဗေဒ) မှ သူငယ်ချင်းများမှ ကူညီပေးကြမည် ဖြစ်ပါသည်။

ဇူလိုင် (၂၇) နေ့တွင် လေ့လာရေးခရီးအတွေ့အကြုံများကို New Zero Art Space တွင် ပန်းချီ ၊ ပန်းပု ၊ ဓါတ်ပုံများကို ပြပွဲပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ ပြပွဲသို့ ပြည်တွင်း မီဒီယာများမှ သတင်းများ လာရောက်ယူနိုင်ပါကြောင်း သိရှိရပါသည်။

အဆိုပါ လေ့လာရေးခရီးကို  ဂျောန်ငန်းယောင်း ၊ ဆောဂျူန်ဟို တို့မှ ဦးဆောင်ပြီး ကိုရီးယား အနုပညာရှင် (၈) ဦးတို့လာရောက်ကြမည်ဖြစ်ပါသည်။
ယမန်နှစ်ကလည်း ယခုလာရောက်သူ (၈)ဦး အနက် (၂) ဦးမှာ လာရောက် လည်ပတ်ဖူးသူများဖြစ်ကြောင်း သိရပါသည်။

အဖွဲ့ဝင် (၈)ဦးပါ လေ့လာရေး ခရီး ရည်ရွယ်ချက်မှာ   ´ မြန်မာ ကိုရီယား ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်´များ ဖြစ်ကြောင်း သိရှိရပါသည်။

ဇော်မင်း(ရွှေအလင်းတန်း)





No comments: