Sunday, July 28, 2013

မြန်မာ အီး-ပီလုပ်သားများအတွက် ၊ မော်တော်ယာဉ်များ အရစ်ကျပေးအကြွေးစနစ်ဖြင့် ရောင်းချပေးမည်

အင်ချောန်း ၊ ဇူလိုင်-၇
ကိုရီးယားနိုင်ငံရောက် ရိုးသားကြိုးစားသော မြန်မာ အီး-ပီလုပ်သားများအနက် ၊ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ရင်း မိခင်မြန်မာနိုင်ငံတွင်လည်း ဝင်ငွေရစေမည့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွါးရေး လုပ်ငန်းထူထောင်လုပ်ကိုင်လိုသူ မြန်မာလူငယ်များအတွက် လုပ်ငန်းသုံး စီးပွါးဖြစ်ဈေးကွက်ဝင် မော်တော်ယာဉ်များကို အရစ်ကျပေးအကြွေးစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

ရောင်းချပေးမည့်မော်တော်ယာဉ်များ-
- KIA Bongo-3 (2004,2005,2006)
- Hyundai Porter Light Truck (2004,2005,2006)

ငွေပေးချေရမည့်အစီအစဉ်-
- ဝယ်-ရောင်း စာချုပ်ချုပ်ပြီးလျင် ၃၀ ရာခိုင်နှုန်းပေးချေရပါမည် ။
- (၁လအတွင်း) အုပ်ချုပ်မှုကိစ္စများဆောင်ရွက်အပြီး ၊ မော်တော်ယာဉ်လွဲပြောင်းပေးချိန် ၁၀ ရာခိုင်နှုန်း ထပ်မံပေးချေရပါမည် ။
- ကျန် ၆၀ ရာခိုင်နှုန်းကို ၊ ၆-လ ခွဲပြီး ပေးချေရပါမည် ။

အထွေထွေမှတ်ချက်များ-
- မော်တော်ယာဉ်များရန်ကုန်တွင်ရောက်ရှိနေပါပြီ။
- မော်တော်ယာဉ်တန်ဖိုးမှာ မြန်မာငွေ ကျပ်၁၀သန်း(ကျပ်သန်းတစ်ဆယ်)ဖြစ်ပါသည် ။
- ၁-နှစ်အတွင်း စက်ချို့ယွင်းမှုဖြစ်ပွါးပါက ၊ ပြန်လည်လဲလှယ်ပေးပါမည် ။

ဆက်သွယ်ရန်-
- 010-6874-2457 (Queen Motor Service)

No comments: