Tuesday, August 27, 2013

ကိုရီးယားနိုင်ငံမှ ပြည်တော်ပြန်မည့်သူများအတွက် အထောက်အကူဖြစ်စေရန် ပြင်ဆင်ပေးမည့်သင်တန်းများ အတွက် အစည်းအဝေးကျင်းပ





ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ နိုင်ငံခြားသားအလုပ်သမားအကူအညီပေးရေး စင်တာ တွင် ပြန်တော်ပြန်မည့်သူများအတွက် ပြင်ဆင်နိုင်မည့် အထောက်အကူပြုစေမည့်သင်တန်းကိစ္စများအတွက် အစည်းအဝေးကို  သြဂုတ်လ(၂၅) ရက် တနင်္ဂနွေနေ့ နေ့လည် (၃)နာရီခန့်က ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ ၊ နီပေါ ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေရှ် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဘူဆန်နိုင်ငံခြားသားအကူအညီပေးရေး စင်တာမှူး လီအင်ဂယောင်း မှ  ကိုရီးယားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသူများ မိမိတို့နိုင်ငံပြန်သည့်အခါ ပြင်ဆင်နိုင်ရန် အထောက်အကူဖြစ်စေမည့် သင်တန်းများဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး စင်တာ၏ လေ့လာချက်များကို ပရိုဂျက်တာဖြင့် ရှင်းပြခဲ့ပါသည်။ 

ထို့နောက် စင်တာမှူးမှ အစည်းအဝေးတက်ရောက်လာသူများ၏ သဘောထား အကြံညဏ်များကို မေးမြန်းကြပါသည်။ နိုင်ငံအလိုက် မိမိတို့ သဘောထားများကို တင်ပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ သဘောထားများကို ရယူပြီး အစည်းအဝေးကို ညနေ(၄း၃၀) ခန့်တွင် ပြီးစီးခဲ့ပါသည်။

No comments: