Wednesday, September 18, 2013

အနော်မာလူငယ်၏ ပြုသမျှ ကုသိုလ် သာဓုခေါ်စေသော်။


၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့ ကိုရီးယား ရိုးရာ ချူဆောဂ် (ကောက်သစ်စားပွဲ)ပွဲတော်ရက်တွင် အနော်မာလူငယ် အဖွဲ့က တတိယကြီမ်မြောက် အလှူအဖြစ် ဘုရားအမှူးထားပြီး သံဃာတော် အသျှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိသတ်တို့အား စေတနာ ၃ တန် ပြဌာန်းပြီး ဧည့်ခံကြပါသည်။
  ဆက်လက်၍ အနော်မာလူငယ်များက မြန်မာပိုင် ကျောင်းတော် ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ ၂၁ သိန်းကို ဦးသုမင်္ဂလ ( ဝေါ်ဆရာတော် ) နှင့် ဦးဥတ္တရတိုအား ပေးအပ် လှူဒါန်းကြပါသည်။ အနော်မာလူငယ် အဖွဲ့က ပြုပြုသမျှသော ကုသိုလ်ဒါနအပေါင်းတို့ကို ဝေါ်ဆရာတော်ထံက တရားများ နာယူပြီး ရေစက်ချ အမျှပေးဝေကြပါသည်။ ၃၁ ဘုံ သတ္တ၀ါအများ သာဓုခေါ်စေသော်။ 

No comments: