Wednesday, September 18, 2013

ရှင်သာမဏေအဖြစ်သို့ ရောက်ရှိကြပြီ


 ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့ နေ့လည် ၃ နာရီအချိန်ခန့်တွင် ရှင်လောင်း ၁၁ ပါးတို့ကို ဦးဥတ္တရ ( မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)နှင့် ဦးကိတ္တိသာရ ( ဓမ္မဒူတကျောင်းတော် (ကိုရီးယား)တို့က ဆံချပေးပါသည်။ ၄င်းနောက် ဒေါက်တာ နန္ဒကနှင့် ဦးသုမင်္ဂလ (ဝေါဆရာတော်)တို့က ရှင်သာမဏေအဖြစ် ပြုလုပ်ပေးပါသည်။
၂၀၁၃ နှစ် စက်တင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့ အန်ဆန်မြို့ သန္တိကရ၀ိဟာရ ကျောင်းတော်တွင်လည်း ဘုရားအမှူးရှိသော သံဃာတော်အပေါင်းတို့အား အရုဏ်ဆွမ်းကို စိတ္တသာမဂ္ဂီညီအကိုများ အဖွဲ့နှင့် နေ့ဆွမ်းကို အိုယိဒို ရှီဟွာ သူငယ်ချင်းတစ်စုတို့က ဆက်ကပ် လှူဒါန်းကြပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်များကိုလည်း ဧည့်ခံကြပါသည်။ ၄င်းနောက် ကျောင်းထိုင်ဆရာတော် ဦးသုဝဏ္ဏမှ ရှင်လောင်း ငါးပါးကို ရှင်သာမဏေပြုပေးခဲ့ပါသည်။ 


No comments: