Friday, September 6, 2013

၁၅ ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိပွဲတော် ကျင်းပရေးအတွက် ဖိတ်ကြားလွှာ

ရေးသားသူ — အမည် - မြန်မာအသင်း (ကိုရီးယား)
 
၁၅ ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော် 

၁၉၉၈ ခုနှစ် ကိုရီးယားနိုင်ငံ ပူချွန်းမြို့ ၀ါန်မိဂု ဆောဂ်ကွာန်ဆာ ဘုန်းတော်ကြီးတွင် မြန်မာအသင်း (ကိုရီးယား)က ဦးစီး၍ အများတူငှာ ပူဇော်နိုင်စေရန်အတွက် တိလောကမုနိ ဗုဒ္ဓ ဆင်းတုတော်ကို ပင့်ဆောင် ကိုးကွယ်ထားခဲ့ပါသည်။ တိလောကမုနိ ဗုဒ္ဓပူဇနိယ ပွဲတော်ကိုလည်း နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ ၁၄ ကြီမ်မြောက်ရှိခဲ့ပါပြီ။ ယခုနှစ် ၂၀၁၃ ခုနှစ်တွင် ၁၅ ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို ဆက်လက်၍ အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံရောက် အဖွဲ့အစည်းများ အားလုံးနှင့် မြန်မာနိုင်ငံသားများ အားလုံး ပါဝင် ပူးပေါင်းကြပါရန် နိုးဆော်လိုက်ပါသည်။
  
၁၅ ကြီမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည့် အစီအစဉ် 

နေ့ ရက် ။ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်
အချိန် ။ မွန်းတည့်ချိန် ၁၂ နာရီမှ ညနေ ၄ နာရီအချိန်အထိ
နေရာ ။ ပူချွန်းမြို့ ၀ါန်မိဂု ဆောဂ်ကွာန်ဆာ ကျောင်းတော်ကြီးအတွင်း
 
ဧည့်ခံ ဖျော်ဖြေရေး အစီအစဉ် 
၁။ မြန်မာသံတေးဂီတနှင့် အက၊ မျိုးချစ်မောင် ဒိုးပတ် ၊ The Mirrors Band၊ Rainbow Band တို့က တင်ဆက်ကြပါမည်။ 
 ၂။ ယခုနှစ်တွင် ကာရာအိုအေ အစီအစဉ်ကို ထည့်သွင်းထားပါသဖြင့် ကာရာအိုအေ တေးသီချင်းများကို သီဆိုမည့် ပုဂ္ဂိုလ်များသည် ဦးအောင်မျိုးဦး ( ၀၁၀ - ၈၇၉၉ - ၁၂၈၃ ) သို့ ဆက်သွယ်ကြပါ။ 

ကံစမ်းမဲ အစီအစဉ် 
၃။ မြန်မာအသင်း(ကိုရီးယား) ရံပုံငွေ အဖြစ် ကံစမ်းမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန် - 
 ဦးခင်မောင်ရင် = ဝ၁ဝ- ၂၇၈၈-၇၁၅၃ 
 ဦးသန့်ဇင်အောင် = ဝ၁ဝ- ၉ဝ၅၄-၄၇၂၇ 
ဦးဝင်းမြင့်ဦး = ဝ၁၁-၂၉၂၉-၅၄၂ 
ဦးဝင်းနိုင်ဦး = ဝ၁ဝ- ၈၆၄၈-၄၅၃၃

No comments: