Tuesday, October 1, 2013

ကိုရီးယား ဘွဲ့ကြိုသင်တန်း ပညာသင်ဆု အောက်တိုဘာ ပထမပတ်တွင် လျှောက်ထားနိုင်

 ကိုရီးယားနိုင်ငံရှိတက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းတက်ရောက်နိုင်မည့် ပညာသင်ဆုအစီအစဉ်အား အောက်တိုဘာပထမပတ်တွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကိုရီးယားသံရုံးက သတင်းထုတ်ပြန်ထားသည်။ မြန်မာကျောင်းသားနှစ်ဦး ရွေးချယ်မည့် ပညာသင်ဆုအစီအစဉ်အတွက် ပညာသင်ဆုလျှောက်လွှာများကို အောက်တိုဘာ ၇ ရက် မှ ၁၁ ရက်အတွင်း ကိုရီးယားသံရုံးသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။  

ပညာသင်ဆုလျှောက်ထားရန် စည်းကမ်းချက်များတွင် ၁၉၈၉ ခုနှစ် မတ်လ ၁ ရက်မတိုင်မီ မွေးဖွားခဲ့သူများ၊ ဒီဂရီနှင့်အထက် ဘွဲ့ရရှိထားသူများနှင့် အထက်တန်းကျောင်းသားဘ၀ ပညာအရည်အချင်းမှတ်တမ်းကောင်း မရရှိထားသူများကို ပညာသင်ဆုအတွက် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း ကြေညာထားသည်။ ပညာသင်ဆုအစီအစဉ်အတွက် ရွေးချယ်ခံရသော ကျောင်းသားနှစ်ဦးသည် ကိုရီးယားနိုင်ငံတွင် ၂၀၁၄ မှ ၂၀၁၉ ခုနှစ်ထိ ပညာသင်ယူခွင့်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံကြား ပညာရေးနှင့် အပြန်လှန်ရင်းနှီးချစ်ကြည်ရေးဖလှယ်မှု အစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ နှစ်စဉ်ပေးအပ်နေသော ကိုရီးယားပညာသင်ဆုအစီအစဉ်၌ လျှောက်ထားလိုသူများအနေဖြင့် www.niied.go.kr နှင့် www.gks.go.kr တို့တွင် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။

 by 7Days News Journal

No comments: