Sunday, October 20, 2013

ကြည်ညို သဒ္ဓါ ပွားများကြပါစေ

 ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၉ ရက် စနေနေ့ သီတင်းကျွတ် လပြည့်နေ့ ညနေ ၅နာရီအချိန်ခန့်က အင်ချွန်းမြို့ ဘူဖြောင်းမြို့နယ်ရှိ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၌ ဘင်္ဂလာဒေ့ရှ် ဗုဒ္ဓဘာသာ နွယ်ဘွား ဂျူးမား လူမျိုးတွေက  ဦးဝိစိတ္တထံတွင် ကိုရင်ဝတ်ကြပါသည်။ နတ်လူ သာဓု ခေါ်စေနိုင်ရန် ကြည်ညို သဒ္ဓါတရား ပွားများကြစေရန်အတွက် ဓာတ်ပုံများကို တင်ပြလိုက်ပါသည်။

ည ၈နာရီ ခွဲ အချိန်ခန့်က ဦးဝိစိတ္တ (မနာပဒါယီဆရာတော်) က ဗြဟ္မစိုတရားနဲ့ လူမှုဆက်ဆံရေး တရားတော်ကို ဟောကြားပါတယ်။
ဓမ္မယာန ပြည်တော်ဦး နာယက ကမ္မဌာနာစရိယ ဆရာတော် အရှင်ပဏ္ဍိစက သြ၀ါဒ တရား ဟောကြားပေးပါသည်။
သံဃ ပ၀ါရဏပြုကြပါသည်။

No comments: