Wednesday, October 23, 2013

မြန်မာယူ-၂၃ တောင်ကိုရီးယားတက္ကသိုလ်အသင်းကိုရှုံးနိမ့်

ရေးသားသူ — ဒီဗွီဘီ

တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိလေ့ကျင့်နေတဲ့ မြန်မာယူ-၂၃ ဘောလုံးအသင်းဟာ အောက်တိုဘာ (၂၃) ရက်နေ့ ဒုတိယမြောက် ခြေစမ်းပွဲမှာ နမ်ဘူးတက္ကသိုလ်အသင်းကို တစ်ဂိုး၊ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

မြန်မာအသင်းဟာ ဒီပွဲမှာ အဓိက ကစားသမားအများစုကို အနားပေးပြီး အရန်ကစားသမားတွေနဲ့ ပွဲထွက်လာတာပါ။ နမ်ဘူးတက္ကသိုလ် အသင်းအတွက် အနိုင်ဂိုးကို ၇၃ မိနစ်လောက်မှာ သွင်းယူတာလို့ ဘောလုံးအဖွဲ့ချုပ် ဝက်ဆိုက်မှာဖော်ပြထားပါတယ်။

မြန်မာယူ-၂၃ ဘော်လုံးအသင်းဟာ တတိယမြောက်ခြေစမ်းပွဲအဖြစ် ဟိုနမ်တက္ကသိုလ်အသင်းနဲ့ အောက်တိုဘာလ (၂၄) ရက်နေ့မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ (ဒီဗွီဘီ)

No comments: