Monday, November 18, 2013

ဂွာန်ဂျူကြီးတွင် မြန်မာနှစ်ဦး ယာဉ်တိုက်မှုဖြစ်ပွား

ရေးသားသူ — ဓမ္မယာန ပြည်တော်ဦး အရှင် ပဏ္ဍိစ္စ
  နောက် တစ်ယောက် 
တစ်ယောက်ပြီး တစ်ယောက် နောက်ထပ် တစ်ယောက်ဆိုသလိုပါပဲ။ ကိုးရိးယားနေ ရွှေမြန်မာတွေရဲ. အလုပ်ခွင်ထိခိုက်မှုမဟုတ်တဲ့ ယာဉ်တိုက်မှုတွေ။ မနေ.က ဆိုးလ် ဆောလင်းမ်ဆာ တရားပွဲကနေ ဖူဆန်းပြန်ရောက်လို. ခဏနားတုန်းရှိသေးတယ် ဂွမ်ဂျူး ဓမ္မယာန ဆရာတော် ဦးဝဏဆီက ဖုန်းဝင်လာပါတယ်။ ဒကာ၂ယောက် ဆိုင်ကယ်နဲ. သွားနေတုန်း ကားတိုက်ခံရလို.တဲ့။ တစ်ယောက်က လုံးဝ သတိမရတော့ဘူး။ တစ်ယောက်က ခြေထောက် အရိုး အက်သွားတယ်လို.ပြောပါတယ်။ တိုက်သွားတဲ့ကားက ထွက်ပြေးသွားပါတယ်။ ည ဆိုတော့ တိုက်သွားတဲ့ကားကို အနက်ရောင်ဆိုတာက လွဲလို. ဘာမှ မမှတ်မိလိုက်ပါဘူးတဲ့။ စီစီတီဗီမှာလည်း မပေါ်လို. ရဲကလည်း ရှာတုန်းပေါ့လေ။ တိုက်သွားတဲ့သူ မိဖို.ထက် အတိုက်ခံရတဲ့ ဒကာ စိုင်းဝင်းထွဋ်ရဲ. အခြေအနေက တကယ့်ရင်နင့်စရာပါ။ အောက်စီဂျင် ပေးထားတာကလွဲလို. ဘာမှ လုပ်ပေးလို.မရတဲ့ အနေအထားလို. သိရပါတယ်။ ဦးဏှောက်အတွင်းမှာ အကြီးအကျယ် ထိခိုက်သွားတယ်လို. ပြောပါတယ်။ အလုပ်ရှုင် ဒကာကြီးက ဆရာဝန်တွေက လက်လျှော့လိုက်ပြီ။ မနက်ဖြန် သဘက်ခါလောက် ကိစ္စပြီးအောင်လုပ်လိုက်မယ်လို.ပြောပါတယ်။ ဘုန်းကြီးက ဆရာဝန်တွေက ခွဲစိတ်ကုသမှုမပေးတာ ငွေ ကြောင့်လား ငွေကြောင့်ဆိုရင် ဘယ်လောက်ကုန်ကုန် ဘုန်းကြီးတို. မြန်မာတွေ အလှူခံကုမယ်လို. ပြောလိုက်ပါတယ်။ အလုပ်ရှင်ဒကာက ဘုန်းကြီးစကားကြောင့် တော်တော် စိတ်မကောင်း ဖြစ်သွားပုံရပါတယ်။ ဘေးမှာရှိတဲ့ ဂွမ်းဂျူးကျောင်းကို အစစ အကူအညီပေးနေတဲ့ ကိုးရိးယား ယောဂီ ဒကာမကြီးကို ဖုန်းလွှဲပေးပါတယ်။ ဒကာမကြီးစကားအရတော့ ဆေးရုံ ဆရာဝန်တွေ က လူနာက ကတခြားလူ မဟုတ်ဘဲ သူတို.ရဲ. မိဘ ညီအကို မောင်နှမ မိသားစုဝင်ဖြစ်နေရင် လည်း ဒီလိုစကားကလွဲရင် ပြောစရာမရှိတော့ပါဘူး။ ကုသလို.ရတဲ့ အခြေအနေ မဟုတ်တော့ပါလို.ပြောပါတယ် လို. အလုပ်ရှင်စကားကို အတည်ပြုပေးပါတယ်။ ဒါနဲ. အခု ဆုံးပါပြိးလားလို. မေးတော့ အောက်ဆီဂျင် ပိုက် ဖြုတ်လိုက်ရင် ဆုံးပါပြီတဲ့။ မဖြုတ်ရင်ကောလို.မေးတော့ မဖြုတ်လည်း ရှင် ဖို.က ၁ရာခိုင်နူန်း မရှိဘူးလို. ပြောပါတယ်။ ဒါနဲ. ဘုန်းကြီးက မဖြုတ်ပါနဲ.။ သူ.မိဘ ညီအကို မောင်နှမကို အကြောင်းကြားပြိး ဒီကို လှမ်း ခေါ်မယ် လို. ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဆိုင်ကယ် အတူ စီးလာတဲ့ ဒကာမင်းဥိးနဲ.လည်း တူဝရီးဆိုတော့ သူကနေ တဆင့် စုံစမ်းတော့ မိဘ မရှိတော့ဘဲ ဦးလေး ဘုန်းကြိးနဲ. သန်းသန်းဦးဆိုတဲ့ ညီမ အရင်းရှိတယ် ဆိုလို. ကိုရိးယားကို လိုက်လာနိုင်အောင် စီစဉ်နေပါတယ်။ အားလုံးပဲ ဒကာစိုင်းဝင်းထွဋ် အသက်ရှင် ဖို. ၁ရာခိုင်နှုန်းက နေ ၉၀ရာခိုင်နှုန်း ပြောင်းသွားအောင် မေတ္တာ သစ္စာအားတွေ စုစည်းပေးကြပါလို. တိုက်တွန်း အကူအညီတောင်းလိုက်ပါတယ။် ကြားကြားသမျှ သိသိသမျှ အားလုံးသော သူတော်ကောင်းတို.။ 
စုံးစမ်းကူညီပေးနိုင်ကြရန် 
 ဂွမ်ဂျုူးဓမ္မယာန ဆရာတော် 010-9166-5672 
ဒကာအောင်ဇော်ဦး 010-8688-8725 
ဓမ္မယာန ပြည်တော်ဦး အရှင် ပဏ္ဍိစ္စ၏ Facebook မှ တစ်ဆင့် ကူးယူဖော်ပြပါသည်။

No comments: