Sunday, November 24, 2013

ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မည် (သို့) အသစ်ရေးဆွဲမည် သဘောထားဆန္ဒများကို ကောက်ခံနေ


ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့ တွင်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မည် (သို့) အသစ်ရေးဆွဲမည့် သဘောထားဆန္ဒများကို ၊ ပြည်တော်ဦး ဓမ္မယာနကျာင်း ၊ ရွှေအလင်းတန်းစာကြည့်တိုက်တွင် နိုဝင်ဘာလ (၁၇) ရက် တနင်္ဂနွေ နေ့တွင် လက်မှတ်ရေးထိုးကောက်ခံခဲ့ပါသည်။



 ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ  ရွှေညီအစ်ကိုများ၏ သဘောထားဆန္ဒများကို ရွှေအလင်းတန်း မြန်မာအသင်း (ကိုရီးယား)မှ ကိုမင်းလတ် နှင့် ကိုဇော်မင်းတို့မှ တာဝန်ယူ  ကောက်ခံပေးနေခြင်း ဖြစ်ပါသည်။

ထို့နောက် လက်မှတ်ထိုးထားသော ဆန္ဒသဘောထားများကို " မြန်မာပြည်ရှိ NLD ဗဟို အဖွဲ့သို့ ပေးပို့မည်ဖြစ်ကြောင်း " ရွှေအလင်းတန်း  ပြန်ကြားရေး တာဝန်ခံ ကိုဇော်မင်းမှ ပြောကြားခဲ့ပါသည်။

ယခုလို့ ကိုရီးယားနိုင်ငံရောက် ရွှေညီအစ်ကိုများထံမှ ဆန္ဒသဘောထားကောက်ခံခြင်းမှာ ပြည်ပတွင် ရောက်ရှိနေသော်လည်း တိုင်းပြည်အနာဂတ်အတွက် အရေးကြီးလှသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို  မြန်မာပြည်သားများအနေနဲ့ မမေ့လျော့ပဲ ဆန္ဒသဘောထားများကို ထုတ်ဖော် တင်ပြခြင်းဖြစ်ကြောင်း သိရပါသည်။

ရွှေအလင်းတန်း မြန်မာအသင်း ၏ group တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်မည် (သို့) အသစ်ရေးဆွဲမည် သဘောထားဆန္ဒများကို ကောက်ခံနေ online မှ ကောက်ခံနေပါသည်။
https://www.facebook.com/groups/goldenlight009/

https://docs.google.com/file/d/0Bx6LO_p1YdpfaW80alJPdHhXWmc/edit တွင် download ရယူကာ ဆန္ဒသဘောထားများကို လက်မှတ်ရေးထိုးနိုင်ပါသည်။



ဆက်သွယ်ရန် - ကိုမင်းလတ် 010-7459-3070
                     ကိုဇော်မင်း   010-5946-6694
email- thuthuzawmin@gmail.com

No comments: