Sunday, November 24, 2013

ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲမြို့တွင် ရွှေမြန်မာများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (၈၇%) ၊ အသစ်ရေးဆွဲရေး (၁၃%) ကောက်ခံရရှိ





ယနေ့ (၂၄-၁၁-၂၀၁၃) ရက်နေ့ ကိုရီးယားနိုင်ငံ ဂမ်ဟဲမြို့မှာ ရွှေမြန်မာ ညီအစ်ကိုများမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး အတွက် ဘူဆန်မြို့ ၊ ဂင်ဟဲမြို့ ၊ မြောင်ဒုံ ၊ အူလ်ဆန် ၊ ဆာဆန် ၊ ဂျင်ယောင်း အနီးအနားရှိ ရွှေမြန်မာ ဦးရေ စုစုပေါင်း (၆၇) ဦး ရွှေအလင်းတန်း စာကြည့်တိုက်တွင် ဆန္ဒသဘောထားများပေးခဲ့ကြပါသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး အတွက် စုစုပေါင်း ဆန္ဒသဘောထားေ (၆၇) ဦး ရှိခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ ကို  ပြင်ဆင်မည့်ဦးရေ (၅၈) ဦး ၊ အသစ်ရေးဆွဲမည့်ဦးရေ (၉) ဦး ရှိခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် ပြင်ဆင်မည့် ဦးရေ (၈၇%) ၊ အသစ်ရေးဆွဲမည့် ဦးရေ (၁၃%) ရရှိခဲ့ပါသည်။

မြန်မာပြည်တွင် လက်ရှိ ပြုလုပ်နေသော မြန်မာပြည်သူများကို ဖိနှိပ် ကန့်သတ်ထားသော ၊ တပ်မတော် အကြိုက်ရေးဆွဲထားသော ၊ ဒီမိုကရေစီစံနှုန်းများနှင့် ကွဲလွဲနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို အမြန်ဆုံးပြန်လည် ပြန်လည်ပြင်ဆင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်....

No comments: