Tuesday, November 5, 2013

အလိုရှိပါတယ်။

ရေးသားသူ — စိုးမိုးသူ

ကျနော် လာမည့် တနင်္ဂနွေနေ့မှာ ကိုရီးယားတွင်း နေထိုင်သူ ရွှေ့ပြောင်းသူများရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအား တင်ပြရမယ့် နေရာကို တက်ရောက်ပြီး မြန်မာနိုင်ငံသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အကြောင်းအရာတွေကို ဦးဆောင် တင်ပြဖို့ အစီစဉ်ရှိပါတယ်။

ကိုရီးယားမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ၊ ခံခဲ့ရသည်များအား ကျနော့်ထံ ဖုန်း၊ မေးလ် နှစ်သက်တဲ့ နည်းလမ်းဖြင့် ဆက်သွယ်ပြောပေးစေလိုပါတယ်။

မိမိ၊ မိမိနှင့်ဘ၀တူ ရွှေ့ပြောင်းသူများအား လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ တောင်းဆိုပါတယ်။

ဆက်သွယ်ရန် ၀၁၀-၇၁၅၅-၆၅၈၁ စိုးမိုးသူ
 

No comments: