Friday, November 22, 2013

ဆေးစစ်မည့်သူများ မြန်မာစင်တာသို့ ဆက်သွယ်ပါ



ယခင်လက ကြော်ငြာခဲ့သည့် ကိုရီးယားနိုင်​ငံ ကျန်းမာ​ရေးဌာန အားကစား​ဆေးစစ်​အထူးဗျူရို၏ ပံ့ပိုးမှု အစီအစဉ်​အဖြစ်​ ခန္ဓာကိုယ်​ အတွင်းအပြင်​နှင့်​ ​ရောဂါမျိုးစုံကို အဆင့်​မြင့်​ စစ်​​ဆေး​ရန် စာရင်းပေးထားသူများ မြန်မာစင်တာ (070-4154-8824) သို့မဟုတ် ကိုကျော်စွာ (010-3056-2239) ထံသို့ ဆက်သွယ်ကြပါရန် လေးစားစွာ နှိုးဆော်အပ်ပါတယ်။

ဆေးစစ်မည့် အစီအစဉ်မှာ နိုဝင်ဘာလ ၂၇ နှင့် ၂၈ နံနက်ပိုင်း ဖြစ်ပြီး၊ မြန်မာစင်တာမှာ လူစု၍ ထွက်ခွာပါမယ်။
တနေ့လျှင် ဦးရေ ၂၀၊ စုစုပေါင်း အယောက် ၄၀ ဖြစ်ပါတယ်။

ယခုမှ စာရင်းပေးလိုသူများ ရှိပါက အမြန်စာရင်းပေးပါရန် တိုက်တွန်းပါတယ်။

မြန်မာစင်တာ

No comments: