ရေးသားသူ — စိုးမိုးသူ
အကိုရေ အလုပ်က အရမ်း ပင်ပန်းလို့ ပြောင်းချင်တယ်ဆိုတဲ့ ညီအကိုတွေ အသံကြားတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။
ကျနော်လည်း ၈နှစ်လောက် ရေလည် ပြိုင်းတဲ့ စက်ရုံမှာ မနက်ကနေ အာရုဏ်တက်အထိ လုပ်ချင်ချင် မလုပ်ချင်ချင် နှလုံးသားမပါပဲ အလုပ်ကြမ်းလုပ်ခဲ့ဖူးသူမို့ ရေလည် ကိုယ်ချင်းစာပါတယ်။
ဒါပေမယ့် လက်ရှိ ကိုရီးယားရဲ့ အီးပီအက်စ်စနစ်အောက် အလုပ်ပြောင်းခွင့်ဘယ်လိုရှိ ဆိုတာကို ကျနော်တို့ ညီအကိုတွေ သိထားမှ ဘယ်လိုလုပ်ရမလဲ စဉ်းစားနိုင်မှာမို့ ဒီ စာကို ရေးလိုက်ပါတယ်။
အီးပီအက်စ်စနစ်ဟာ ၃နှစ်တာ အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ စနစ်ဖြစ်ပါတယ်။
၃နှစ်အတွင်း အလုပ်နေရာ ၃ခါ ပြောင်းရွှေ့ခွင့် ရှိပါတယ်။
အလုပ်ပြောင်းရခြင်း အကြောင်းရင်းက စာချုပ်သက်တန်းပြည့်သွားလို့ မဟုတ်ပဲ အောက်ပါအကြောင်းများကြောင့်ဆိုရ
အလုပ် ပြောင်းရွှေ့နိုင်တဲ့ အခြေအနေများ။
၁) စက်ရုံ ဒေ၀ါလီခံရတဲ့အခါ
၂) အလုပ်စာချုပ်ပါ အကြောင်းအရာများ ချိုးဖောက်ခံရတဲ့အခါ
၃) လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ
၎) အလုပ်ကြောင့် ထိခိုက် ရောဂါ ရတဲ့အခါ
အထက်ပါ အခြေအနေမျိုးမှာပဲ အလုပ်ပြောင်းရွှေ့ခွင့် ရပါတယ်။
ကိုယ့်သဘောနဲ့ ကိုယ်ပြောင်းရွှေ့လုပ်ကိုင်ခွင့်
အလုပ်ပြောင်းခွင့်ရလည်း အလုပ်ရှင်သစ်က ကမ်းလှမ်းလို့ပဲဖြစ်ဖြစ် ကိုယ့် သဘောနဲ့ ကိုယ်ကြိုက်တဲ့ စက်ရုံ ၀င်လုပ်ခွင့်မရပါ။ အလုပ်သမားဝန်ကြီးဌာနလက်အောက် အလုပ်နေရာချထားပေးရေးဌာနမှာ အလုပ်လိုအပ်ကြောင်း အရင် အကြောင်းကြားပေးရပြီး သူတို့က ပို့ပေးတဲ့
ဖုန်းမက်ဆေခ့်ျပါ အလုပ်နေရာတွေကိုပဲ သွားရောက် လုပ်ပိုင်ခွင့်ရှိပါတယ်။
ထိမ်းချုပ်ထားတာပေါ့ဗျာ။
အဲ့ဒီတော့ ၃နှစ်ပြည့်ရင် အိမ်ပြန်ရပါမယ်။
အလုပ်လုပ်တာ ၃နှစ်ပြည့်သူများ အနေနဲ့ နောက်ဆုံးအလုပ်လုပ်နေတဲ့ စက်ရုံက စာချုပ်ထပ်မံ ချုပ်ဆိုမယ်ဆိုရင်တော့ နောက်ထပ် ၁နှစ်နဲ့ ၁၀လ ထပ်မံ နေထိုင် လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် ၃နှစ်ပြည့်မယ့် လက်ရှိ အလုပ်လုပ်နေတဲ့ စက်ရုံက ကိုယ်နဲ့ ထပ်ပြီး စာချုပ်မချုပ်တော့ဘူး ဆိုရင် တော့ အိမ်ပြန်ရမှာ ဖြစ်ပါတယ်။
<< ၃နှစ်ပြည့်ပေမယ့် ထပ် အလုပ်လုပ်လိုသူများအတွက် နည်းလမ်း >>
(ကြိမ်းသေ ဒီနည်းလမ်းက ပေါက်တယ်လို့တော့ အာမ မခံပါ။အမှောင်ထုထဲက အလင်းတပေါက်ကို မိတ်ဆက်ပေးတာပါ။)
လက်ရှိစက်ရုံမှာ သက်တန်း၃နှစ်ပြည့်မယ့်သူများအနေ
သက်တမ်းမပြည့်မီ စာချုပ်ကို ၂ဦး သဘောတူ ဖျက်သိမ်းပြစ်မှသာ တခြားစက်ရုံကို ပြောင်းခွင့် ထပ်ရမှာမို့ အလုပ်ရှင်ထံ ကိုရီးယားမှာ ထပ်အလုပ်လုပ်ဖို့ ဆန္ဒရှိတာကြောင့် နောက်တရုံကို ပြောင်းဖို့အတွက် အလုပ် စာချုပ်ကို ဖျက်သိမ်းပေးဖို့ သူသဘောပေါက်အောင်ရှင်းပြ တောင်းဆိုပါ။
ဒီနေရာမှာ အလုပ်ရှင်က ဒါကို သဘောတူဖို့ အရေးကြီးတာကြောင့် သူ့ကို နားလည်အောင်ရှင်းပြနိုင်ဖို့နဲ့
အလုပ်ရှင်က သဘောတူပြီဆိုရင်တော့ ၂ဦး သဘောတူ သက်တမ်းမပြည့်မီ ဖျက်သိမ်းလိုက်တဲ့ စာချုပ်ကို ရယူပြီး အလုပ်နေရာချထားရေးဌာန(ဂိုယုံ ဂျီဝန်းစင်တာ)ကို သွားပြီး တခြားအလုပ်ကို ရှာဖွေပါ။
ပြီးတော့ အလုပ်ရှင်သစ်နဲ့အတူ အလုပ်ပြန်လည်ခန့်ထားရေး စာချုပ်(ဂျဲဂိုယုံ)ကို ချုပ်ဆိုပြီး အလုပ်ထပ်လုပ် နိုင်ပါတယ်။
ဒီနေရာမှာ အရေးအကြီးဆုံးအချက်က
၁) ၃နှစ်မပြည့်မီ ၂လလောက်အလိုမှာ ပြင်ဆင်ပါ။
၂) အလုပ်ရှင်နားလည်အောင် ပြောဆိုတတ်ပါ။
၃) အလုပ်နေရာပြောင်းခွင့် အကြိမ် အနဲဆုံး ၁ကြိမ်ကျန်နေရပါမယ်။
ချွင်းချက်။
အလုပ်ရှင်သစ်က သက်တန်း၂လလောက်ကျန်တဲ့ ကိုယ့်ကို အလုပ်မခန့်ရင်တော့ ဒီနည်းက မပေါက်ဘူးနော်။သေချာစဉ်းစားပြီး
No comments:
Post a Comment