Saturday, November 30, 2013

Busan Christmas Tree Festival (부산크리스마스트리문화축제) ပွဲတော်ကို သွားကြမယ်


ကိုရီးယားနိုင်ငံ ဘူဆန်တွင် တွင် ကျင်းပမည့် Busan Christmas Tree Festival (부산크리스마스트리문화축제) ပွဲတော်ကို နိုဝင်ဘာလ(၃၀) ရက်နေ့မှ ဇန်န၀ါရီလ(၅) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါ ခရစ်စမတ် သစ်ပင် ပွဲတော်ကို Gwangbok-dong, Jung-gu, Busan (부산 중구 광복동 ) တွင် ကျင်းပခဲ့သည်မှာ ( ၅) နှစ်မြောက် ရှိပြီးဖြစ်ပါသည်။ ပွဲတော်တွင် အရောင်အသွေး ပုံသဏ္ဍာန်အမျိုးမျိုး နဲ့ ထွန်းညှိထားသော မီးရောင်စုံများကို  လှပစွာ တွေ့မြင်ကြရပါမည်။ အနုပညာမြောက် တင်ဆင်မှုများကိုလည်း တွေ့မြင်ကြရပါမည်။ နေ့စဉ် ညနေ (၆) နာရီ မှ ည (၁၁) အထိ မီးများကို လှပစွာ ထွန်းညိုထားမည်ဖြစ်ပါသည်။

အဆိုပါ ပွဲတော်တွင် တေးဂီတ ဖျော်ဖြေပွဲများ ၊ ခရစ်စမတ်သစ်ပင်တွင် ဆုတောင်းစာများ ရေးသားခြင်း ၊ လမ်းမပ်ါမှ ဖျော်ဖြေပွဲများ ၊ ဓါတ်ပုံရိုက်သူများ ၊ ဗီဒီယို ရိုက်ကူးသူများကို အများအပြား တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ဒီနှစ် မှာတော့ အဓိက ခရစ်စမတ်သစ်ပင်ကြီးကို အမြင့် မီတာ (၂၀)ခန့်ပြုလုပ်ထားရှိပြီး အရင်နှစ်တွေထက် ပိုကြီးကျယ်ခမ်းနား အံ့မခန်းအောင် ကျင်းပမည်လို့ သိရပါတယ် ။ ပွဲတော်သို့ ကမ္ဘာလှည့်ခရီးသွားများလည်း အများအပြားလာရောက်ကြမည်လို့သိရပါသည်။ 
ထို့ကြောင့် ရွှေမြန်မာများ ခရစ်စမတ်သစ်ပင် ပွဲတော်ကျင်းပမည်နေရာကို သွားရောက်ကြကာ ဘူဆန် ရဲ့ ဆောင်းအရသာကို ခံစားရင်း ခရစ်စမတ် အထိမ်းအမှတ်နေရာများသို့ သွားရောက် လေ့လာနိုင်ပါသည်။ ဘူဆန်မြို့သားတွေရဲ့ ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ် ၊ ပွဲတော်သို့ လူကြီး ၊ လူငယ် ၊ အရွယ်အစားမရွေး လာရောက်ပြီး ပျော်ကြပါတယ် ၊ နောက်ပြီး မှာချင်တာ တစ်ခုကတော့ အရောင်အသွေးမျိုးစုံ တောက်ပနေတဲ့ မီးရောင်စုံ သစ်ပင်တွေရှေ့မှာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ဖို့ပါ ၊ ပြီးတော့ ဆုတောင်းလေးတွေ ရေးပြီး ခရစ်စမတ်သစ်ပင်မှာ ချိတ်ဆွဲခဲ့ဖို့ မမေ့ခဲ့ပါနဲ့၊
အလုပ်တွေနဲ့ ပင်ပန်းနေကြတဲ့ ရွှေညီအစ်ကိုများအတွက် အပြောင်းအလဲလေးတစ်ခုတင်မကပဲ ဗဟုသုတရကြစေဖို့အတွက် ရေးသားလိုက်ပါတယ် Period ........ November 30, 2013 – January 5, 2014 *Lights are on from 6 p.m. to 11:30 p.m. Venue: ........ Areas around Gwangbok-ro, Jung-gu, Dynamic Busan Transportation [Subway] Nampo Station (남 포 역 ) (Busan Subway Line 1), Exit 1.
Walk ahead for about 165m and take a right at Gudeok-ro.
Take a left at the 2nd alley, continue for about 71m and turn right at the first alley.
Go straight for 67m until you see the Gwangbok-ro area.
[Bus] Take Bus 8, 15, 17, 26, 27, 30, 41, 58-1, 61, 70, 71, 103, 113, 126, 134, 139, or 1003 and get off at Nampo Station. မြေအောက်ရထားနဲ့ဆိုရင် Namop ဘူတာ (남 포 역 ) ရောက်ရင် ထွက်ပေါက် (၁) ကနေ ထွက်ပြီး ရှေ့တည့်တည့် လမ်းလျှောက်လိုက်၇င် ပွဲတော် ကြီးကို တွေ့ပါလိမ့်မယ်

Bus ကားတွေကတော့ 8, 15, 17, 26, 27, 30, 41, 58-1, 61, 70, 71, 103, 113, 126, 134, 139, or 1003 စီးပြီး  Nampo ဘူတာမှာဆင်းပါ။


http://www.youtube.com/watch?v=4Fyri26kAek

No comments: