Sunday, February 23, 2014

ကျန်းမာရေး အာမခံကြေး ဘယ်လောက်ပေး

ရေးသားသူ —စိုးမိုးသူ



နိုင်ငံခြားသားအလုပ်များအနေနဲ့လည်း လစဉ် လစာထဲကနေ ကျန်းမာရေးအာမခံကြေးကို မဖြစ်မနေပေးဆောင်ရပါတယ်။ပေးဆောင်ရမယ့် နှုန်းက ၆%ပါ။ အဲ့ဒီ ၆ရာခိုင်နှုန်းကို သူဌေးက တဝက်၊ အလုပ်သမားက တဝက် ၃%စီဆောင်ရပါတယ်။

တချို့ အလုပ်ရှင်တွေကတော့ အလုပ်သမားက ကောင်းကောင်း မသိတာကို အခွင့်အရေးယူပြီး အလုပ်သမားရဲ့ လစာထဲကနေ ၁၀၀% ဖြတ်ပြီး ဆောင်လေ့ရှိပါတယ်။

ကဲ လစဉ် ကိုယ့် လစာထဲက ပေးဆောင်နေရတဲ့ ကျန်းမာရေး အာမခံကြေးက ဘယ်လောက်လဲ၊
တကယ်ဆောင်ရမှာထက် ပိုများနေလား၊
အလုပ်ရှင်ကများ ကိုယ့်ကို လှီးနေလား သိချင်ရင်တော့ ပြားမယွမ်းပဲ အတိအကျ ကိုယ်တိုင်တွက်ကြည့်နိုင်ဖို့ အောက်က လင့်ခ်ကို သွားပါ။


တွက်နည်းကတော့
http://business.nps.or.kr/jsppage/business/insure_cal.jsp
လင့်ခ်ကို ကလစ်လိုက်ရင် ဇယားကွက်ပေါ်လာပါလိမ့်မယ်။

အပေါ်ဘက်က အကွက်၎ကွက်အနက် 국민건강보험계산အကွက်ကို ရွေးခြယ်ပါ။

ပြီးရင် 신고소득월액အကွက်မှာ ကိုယ့်လစာစုစုပေါင်းကို ထည့်ပါ။

ပြီးရင် 계산하기ကိုနှိပ်လိုက်ပါ။

건강보험료(ကျန်းမာရေးအာမခံကြေး),
장기요양보험료 (long-term recuperation အာမခံကြေး) အကွက်တွေမှာ ပေးဆောင်ရမယ့် အာမခံကြေးတွေ ပေါ်လာပါလိမ့်မယ်။

အဲ့ဒီထဲက
가입자보험료ဆိုတာ ညီအကိုတို့တွေ ပေးရမယ့် အာမခံကြေးပါ။

ကဲ
ကိုယ့်အခွင့်အရေးအတွက်၊
ကိုယ် မအတဲ့အကြောင်းပြနိုင်ဖို့ တွက်လိုက်ကြပေတော့။

No comments: