Monday, April 14, 2014

နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးတဲ့ တို့ ပိုင်တဲ့ မြေ

  ဒီနေ့ နေ့လည်ပိုင်း ထမင်း စားသောက်ပြီးတာနဲ့ အေးအေးဆေးဆေး ထိုင်ပြီး အင်တာနက် ကြည့်နေတုန်း တို့ပိုင်တဲ့ မြေ စားသောက်ဆိုင် ပိုင်ရှင် ကိုရွှေမိုးက ပြည်ပရောက်နေတဲ့ ကျနော်တို့လည်း မြန်မာပြည်ကို သတိရ၊ ကိုရီးယားမှာ ရှိနေတဲ့ မြန်မာတွေလည်း စိတ်ချမ်းသာစေဘို့ ရင်တွင်းဖြစ် ဆုတောင်းစာလေးကို တင်ပေးပါဦး ပြောတာနဲ့ ကိုရွှေမိုးက ပို့လာတဲ့ ဆုတောင်းစာလေးကို ကူးယူ တင်ပြလိုက်ပါတယ်။  

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာနိုင်ငံသားရေ 
ကျနော် ရွှေမိုး၊ တို့ ပိုင်တဲ့ မြေ စားသောက်ဆိုင်ကနေ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။ လိုအင်ဆန္ဒများလည်း ပြည့်စုံကြပါစေ။ အေးချမ်း သာယာ ၀မ်းသာကြပါစေ။ သောက မီးများ ငြိမ်းကြပါစေ။ အန္တရယ်ကင်း ဘေး ရှင်းကြပါစေ။ စိတ်၏ ရွှင်လန်းခြင်း ကိုယ်၏ ကျန်းမာခြင်းများ ဆထက်တပိုး ထပ်ကာတိုး ငြိမ်းချမ်းကြပါစေကြောင်း နှစ်သစ်မှာ အောင်ကြောင်း မင်္ဂလာ၊ အောင်အတိတ်၊ အောင်နမိတ်တွေနဲ့ အောင်မြင်ခြင်း အပေါင်း ပြည့်စုံကြပါစေလို့ နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ရပ်ဝေး ရပ်နီး မိတ်ဆွေအပေါင်း သူငယ်ချင်း အပေါင်းတို့ရေ။။။။

ကိုရွှေမိုး 
တို့ ပိုင်တဲ့ မြေ 
ကိုရီးယား

No comments: