Wednesday, April 23, 2014

ကိုရီးယားရောက် ရွှေမြန်မာညီအကိုများ၏ အလှူ တော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားရောက် ရွှေမြန်မာညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျာ
အလှူ ရှင်များဖြစ်ကြသော ကျတော်တို့ညီအကို တစ်စုမှ စုပေါင်းပြီး ကိုရီယားနိုင်ငံ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ် အဖြစ်  မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် ဘုရားအမှူးရှိသော သံဃာတော်တို့အား မွန်မြတ်သော နေ့ဆွမ်းနှင့် လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကိုလှူဒါန်းဆက်ကပ်ပြီး ကြွရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း မြန်မာထမင်းဟင်းတို့ဖြင့် လှူဒါန်းဧည့်ခံ ကျွေးမွေးမည်ဖြစ်ပါ၍ ကျနော်များနှင့် အတူ ကုသိုလ်ယူ တရားတော်နာကြွရောက်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အလှူတော် နေ့ရက် -၂၀၁၄ -၄ ၂၇ ရက် တနင်္ဂနွေနေ့ ၊

အနုမောဒနာတရားတော်နာ - နံနက် ၉း၃၀ မိနစ် ၊

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )၊ဘူဖြောင်း ။

No comments: