Friday, April 18, 2014

တရားပွဲတော်နှင့် ဆုတောင်း မေတ္တာ ပို့သပွဲ



보문정사 - 국제여래선원 초청으로 한국에 온 인도 쿠시나가라 열반당 주지 가네스와르 큰 스님께서 4월 16일  전남 진도 세월호 침물 희생자 극락왕생 실종자 무시구조 상해자조속 쾌유 염원 기도법회을 하겠습니다. 

일 시 : 2014년 4월 20일 일요일 오후 1시 
장 소 : 인천광역시 부평구 부평동 669 - 2 미얀마불교 전법사원 (대한민국) 법당 

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားအပေါင်းတို့ ခင်ဗျာ - ကိုရီးယားနိုင်ငံ ဘိုမု(န်)ဂျောန်ဆာ ဒေါဂ်ဆာန် ဆရာတော်၏ ဖိတ်ကြားချက်အရ မြန်မာ ကိုရီးယား ချစ်ကြည်ရေး အထိမ်းအမှတ် ကိုရီးယားနိုင်ငံသို့ ငြိမ်းချမ်းအေးရွှေစေတီ တည်ထားရန်အတွက် ခေတ္တ ကြွရောက်နေသော အိန္ဒိယနိုင်ငံ ယူပီပြည်နယ် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံ မြန်မာကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓသားကောင်း ဘွဲ့တဆိပ်တော်ရ ဒေါက်တာ ဘဒ္ဒန္တ ဥာဏိဿ ရက မေ ၁၆ ရက်နေ့ နံနက်က သင်္ဘော နစ်မြုပ်သွားရာတွင် ကွယ်လွန်သွားကြသူများ၊ ကျန်ရစ်သူများနှင့် ကျန်ရှိသူများကို ဆက်လက် ကယ်ဆယ်နိုင်ရေးအတွက် ဆုတောင်း မေတ္တာ ပို့သခြင်း တရားပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် တရားတော်နာ၊ ဆုတောင်း၊ မေတ္တာ ပို့သကြဘို့ လာရောက်ကြပါရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည်။ 

အနော်မာ ညီအကိုတို့က ဘုရား အမှူးထား၍ ပင့်သံဃာတော်များကို အရုဏ် ဆွမ်း၊ နေ့ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာ စုံလင်စွာ ဆက်ကပ် လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အား မုန့်ဟင်းခါးဖြင့် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီခွဲ အချိန်အထိ ဧည့်ခံမည်ဖြစ်ပါသည်။ 

ကျင်းပမည့် ရက်စွဲ ။ ၂၀၁၄ ခုနှစ် ဧပြီ ၂၀ ရက် တနင်္ဂနွေနေ့ 
ကျင်းပမည့် အချိန် ။ နေ့လည် ၁ နာရီ ကျင်းပမည့်
နေရာ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမ 

အကျိုးတော်ဆောင်
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)နှင့် ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)

No comments: