Friday, April 18, 2014

အလေးပြု ဂါရ၀ပြုအပ်တဲ့ သူတော်ကောင်း သူရဲကောင်း ၂ဦး

ရေးသားသူ — စိုးမိုးသူ

ဧပြီ၁၆ရက် မနက်၈နာရီ ၅၈မိနစ် ဂျဲဂျူးသို့ ကျောင်းပျော်ပွဲစားသွားတဲ့ ကျောင်းသားကျောင်းသူ ၃၂၅ဦး၊ ဆရာ ၁၅ဦး စုစုပေါင်း ၄၇၅ဦးလိုက်ပါစီးနင်းခဲ့ကြတဲ့ ဆဲ့ဝေါ်လ်ဟိုးသင်္ဘောကြီးဟာ ပင်လယ်ပြင်မှာ တိမ်းစောင်းနစ်မြုပ်ခဲ့ရပါတယ်။ သဘောင်္နစ်မြုတ်လို့ လူအများ ကြောက်လန့်တကြားဖြစ်နေစဉ် မိမိအသက်ကို ပဓာနမထားပဲ အများအကျိုးအတွက် အသက်စွန့်သွားသူ သဘောင်္တာဝန်ခံ ဘာဂ့်ဂျီယောင်းနှင့် အထက်တန်းကျောင်းသား ဂျောင်ချာအွန်းတို့ ၂ဦးအကြောင်း တင်ပြပါရစေ။


[သဘောင်္တာဝန်ခံ ဘာဂ့်ဂျီယောင်း]
သင်္ဘောခန်း အသံလွှင့်တာဝန်ခံ ဘာ့ဂ်ဂျီယောင်း(အသက် ၂၂)ဟာ သင်္ဘော၃ထပ်မှာ အသက်ကယ်အင်္ကျီများ မလုံမလောက်ဖြစ်လို့ ကြောက်ရွံ့နေကြတဲ့ ကျောင်းသားလေးများအတွက် ၄ထပ်မှာရှိတဲ့ အသက်ကယ်အင်္ကျီတွေကို အလျင်အမြန်သွားယူပေးခဲ့ပါတယ်။
အမကကော အသက်ကယ်အင်္ကျီမ၀တ်ဘူးလားလို့ မေးတဲ့ ကျောင်းသူအား သင်္ဘောတာဝန်ခံဆိုတာ နောက်ဆုံးမှ ၀တ်ရတယ်၊ မင်းတို့အားလုံးကို ကယ်တင်ပြီးမှ အမလိုက်ထွက်မယ်လို့ ဖြေခဲ့ပါတယ်။ အဲ့ဒီနောက် သူမဟာ သင်္ဘောအတွင်းသို့ ရေများ ရင်ဘတ်အထိ တက်လာတဲ့အထိတောင် ခရီးသည်များကို ကယ်တင်တဲ့ အလုပ်ကို လုပ်ရင်း နောက်ဆုံးမှာ အသက်ရှုကြပ် ကွယ်လွန်သွားရှာခဲ့ပါတယ်။ သူမဟာ သက်ကြီးရွယ်အိုများနှင့် ကျောင်းသူလေးများအား အထူး ဂရုစိုက် ကယ်တင်ပေးခဲ့တယ်လို့ ကြားသိရပါတယ်။

[အထက်တန်းကျောင်းသား ဂျောင်ချာအွန်း]
အန်ဆန်းဒန်ဝန်း အထက်တန်းကျောင်းသား ဂျောင်ချာအွန်းဟာ သူငယ်ချင်းအတွက် မိမိအသက်ကယ်အင်္ကျီကို ချွတ်ပေးပြီး အခြား သူငယ်ချင်းများ အသက်ကို ကယ်တင်ရင်း ကွယ်လွန်သွားရှာခဲ့ပါတယ်။ သူဟာ ကင်ဒိုအဆင့်၃ထိ တတ်မြောက်ပြီး မိဘစကားနားထောင်သူ၊ လိမ္မာရေးခြားရှိတဲ့ကျောင်းသားတယောက်ဖြစ်သူလို့ သတင်းမွှေးပြီး အားကစားတက္ကသိုလ်ကို တက်ရောက်ဖို့ ရည်သန်ထားသူလည်းဖြစ်ပါတယ်။


အခုလို သူတော်ကောင်းစိတ်ဓာတ်၊ သူရဲကောင်းစိတ်ဓာတ်နဲ့အများအသက်ကိုကယ်တင်သူများ ရှိနေကြစဉ် တဘက်မှာလည်း မိမိလွတ်မြောက်ဖို့သာ အဓိကထားတဲ့ သင်္ဘောတာဝန်ခံများလည်း ရှိကြပတယ်။
သူတို့ကတော့ ကပ္ပတိန် လီ(အသက် ၆၉)နှင့် အရာရှိ၎ဦးပဲဖြစ်ကြပါတယ်။သူတို့ဟာ ခရီးသည်တွေကို ကယ်တင်မယ့်အစား ကယ်ဆယ်ရေးတွေ လာလာချင်း သင်္ဘောက အရင်ဆုံး ဆင်းမယ့် အုပ်စု ၁ မှာ ၀င်နေခဲ့တယ်လို့ သတင်းရရှိပါတယ်။
အများအတွက် အသက်ကိုစွန့်သူ သူတော်ကောင်း သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင် သဘောင်္တာဝန်ခံ ဘာဂ့်ဂျီယောင်းနှင့် အထက်တန်းကျောင်းသား ဂျောင်ချာအွန်းတို့ ၂ဦးအား အလေးပြုဂါ၇၀ပြုကြပါစို့။

No comments: