Tuesday, April 8, 2014

ကားလိုင်စင်ပြုလုပ်လိုတဲ့..လူကြီးမင်းများအတွက်

ရေးသားသူ —မကေသွယ်အောင်



အားလုံးမင်္ဂလာပါရှင်^~^
ကိုရီးယားတွင် ကားလိုင်စင်ပြုလုပ်ချင်သူ လူကြီးမင်းများအတွက်သတင်းကောင်းပါ။ ကျမတို့ Incheon Centerတွင် နှစ်စဉ်တစ်နှစ်တွင်တစ်ကြိမ်ပြုလုပ်ပေးသောကားလိုင်စင် ရေးဖြေသင်တန်းကို(၁၃၊၄၊၂၀၁၃) နေ့တွင်အခမဲ့သင်တန်းပို့ချပေးမှာဖြစ်ပါတယ်။ လိုင်စင်ပြုလုပ်လိုသော လူကြီးမင်းများအနေနဲ့ (၁၃၊၄၊၂၀၁၄ )နေ့တွင်ကျမရုံး ၁၂လွှာကိုတစ်နာရီအရောက်လာရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ နေ့လည်(၁)နာရီကနေ (၄)နာရီထိကို မျက်လုံးကောင်း၊မကောင်းစစ်ဆေးပေးမှာဖြစ်ပြီး...မျက်လုံးကောင်းပါက ရေးဖြေစာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းကတော့ ကိုရီးယားနဲ့ အင်္ဂလိပ်လိုကြိုက်ရာဖြေဆိုနိုင်ပါတယ်။ ရေးဖြေစာမေးပွဲအောင်မြင်ပါက လက်တွေ့ကားမောင်းပြီး ဖြေဆိုရမယ့် စာမေးပွဲကတော့ (၂၇၊၄၊၂၀၁၃) ရက်နေ့ မနက်(၉)နာရီခွဲမှာဖြေဆိုရမှာဖြစ်ပါတယ်။

အဲဒီစင်တာကို ရထားစီးပြီးသွားမယ်ဆိုရင် 부평 ဗူဗြောင်းဘူတာမြေအောက်လိုင်းကနေ 동막 ဒုံမတ်ဖက်ကိုသွားတဲ့ရထားကိုစီး 원인재 ဝန်အင်ဂျယ်ဘူတာမှဆင်း 오이도 အိုအီဒို ဖက်ကိုသွားတဲ့ရထားကိုပြောင်းစီးပြီး 호구포 ဟိုဂုဖို ဘူတာမှာဆင်းပြီး နံပါတ်(၂) အပေါက်ကနေ ထွက်လိုက်ရင် ညာဖက်ထောင့်တည့်တည့်ကိုကြည့်လိုက်ရင် မြောင်းဂျင်းပလာဇာ အဆောက် အဦးကို လမ်းမြင်နေရပါတယ်။ အဲဒီပလာဇာရဲ့ (၁၂)ထပ်မြောက်ကို ဓါတ်လှေခါးနဲ့ တက်သွားရင် ရောက်ပါတယ်။

မှတ်ချက်။ ။ ၁။ နိုင်ခြားသားမှတ်ပုံတင်(ID ကဒ်)
၂။ လိုင်စင်ဓါတ်ပုံသုံးပုံ ယူဆောင်လာရပါမည်။ ကျမရုံးလိပ်စာပါ

인천외국인력지원센터
인천광역시 남동구 호구포로 220
명진프라자 12F 호구포역 2번출구
01056248886
032 431 5757 လိုင်းခွဲ7

No comments: