Sunday, April 6, 2014

ကုသိနာရုံဆရာတော် အရှင် ဥာဏိသရ၏ တရားပွဲတော် ဖိတ်ကြားလွှာ

ကိုရီးယား မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ငြိမ်းချမ်းအေးရွှေစေတီ ဖြစ်မြောက်ရေး ကော်မတီ နာယကဆရာတော်၊ အိန္ဒိယနိုင်ငံ ကုသိနာရုံ မြန်မာကျောင်း ဆရာတော် ဒေါက်တာ ဥာဏိဿရ ( အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ) ၏ တရားပွဲတော်ကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည်။ 

အဆိုပါနေ့ နံနက်ပိုင်းတွင် နီပေါနိုင်ငံ လုမ္ဗဏီ ဥယျဉ်အတွင်း နှစ်ပေါင်း ၂၅၀၀ ကျော် မငြိမ်းဘဲ ထွန်းလင်နေသော ငြိမ်းချမ်းသော မီးပွင့်ကို ဟယဲဂျာ ဘုန်းတော်ကြီးက ဘိုမု(န်) ဂျောန်ဆာ ကျောင်းထိုင် ဒေါဂ်ဆာန် ဆရာတော်ထံသို့ လှူဒါန်းမည်ဖြစ်ပါသည်။
အဆိုပါ ငြိမ်းချမ်းရေး မီးကို နီပေါနိုင်ငံ သမတကြီးက ဟယဲဂျာ ဆရာတော်ကိုလှူဒါန်းထားခြင်းဖြစ်ပါသည်။ 

တရားပွဲ ကျင်းပမည့် နေ့ရက် ။ သာသနာ သက္ကရာဇ် ၂၅၅၇ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ခူး လဆန်း ၁၄ ရက် တနင်္ဂနွေနေ့ မြန်မာ့ သင်္ကြန်အကြိုနေ့ ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ဧပြီ ၁၃ ရက်၊ 
တရားပွဲ စတင်မည့် အချိန် ။ နံနက် ၁၀နာရီ တရားပွဲ 
ကျင်းပမည့် နေရာ ။ ယုန်အင်မြို့ ချောန်အန်ဒုန် အွန်ဟာဂ်ဂု ဘိုမု(န်)ဂျောန်ဆာ ဘုန်းတော်ကြီးကျောင်း၏ ဘုရားကျောင်းဆောင် 
보문정사 . 국제여래선원 ( 경기도 용인시 처안구 운학동 11번지 ) Tel : 1899 - 3239 
ကားများကို မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) ရှေ့မှ နံနက် ၇နာရီခွဲ အချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ပါသည်။ လိုက်ပါကြမည့် သူတော်ကောင်းများအနေဖြင့် ကြိုတင် စာရင်းများ ပေးသွင်းကြပါရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည်။ 

တရားနာပြီးလျှင် ယုန်အင် ကိုရီးယား ရိုးရာ အိမ်နေရာ ၀င်ရောက် ကြည့်ရှုပါမည်။  

ဆက်သွယ်ရန် ။ 
၁။ ဦးကျော်ဇင် ( ၀၁၀ ) ၈၈၉၄ ၄၇၇၀ ပြန်ကြားရေး တာဝန်ခံ၊ ငြိမ်းချမ်းအေးရွှေစေတီ ဖြစ်မြောက်ရေး ကော်မတီ 
၂။ ဦးကျော်ဝင်းနိုင် ( ၀၁၀ ) ၄၂၄၄ ၅၅၇၅ ( ဂွာန်ဂျူလေး) တာဝန်ခံ၊ အနာဂါတ် အလင်းရောင်အဖွဲ့ (ကိုရီးယား)
၃။ ဦးကျော်မိုး ( အကျိုးတော်ဆောင်၊ သန္တိကာရ၀ိဟာရကျောင်း၊ အာဆာန်) ( ၀၁၀) ၅၁၀၂ ၉၉၂၆
၎။ ကိုစိုင်းမင်းလတ် ( ဥက္ကဌ၊ ရခိုင် လူမူရေးအသင်း (ကိုရီးယား) ၀၁၀ ၂၅၀၃ ၁၁၈၄
၅။ ဦးရဲ (အကျိုးတော်ဆောင်၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) (၀၁၀) ၃၃၆၇ ၂၂၀၈
၆။ ဦးမောင်လှ (အကျိုးတော်ဆောင်၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) (၀၁၀) ၂၆၈၃ ၁၉၇၅
၇။ ဦးတင်ထွဋ် ( ၀၁၀ ) ၆၈၇၂ ၂၉၆၉ 

သဗ္ဗ ဒါနံ၊ ဓမ္မ ဒါနံ၊ ဇိနာတိ
အလုံးစုံသော အလှူ အားလုံးတို့တွင် တရားတော်ကို ပေးလှူခြင်းသည် အမြတ်ဆုံးကုသိုလ်ဖြစ်ပါပေသည်။ 

ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)
သာသနာ သက္ကရာဇ် ၂၅၅၇ခုနှစ်၊ ၁၃၇၅ ခုနှစ် တန်ခူးလဆန်း ၇ ရက် တနင်္ဂနွေနေ့
 

 

No comments: