Saturday, April 5, 2014

ရေစကြိုဆရာတော် ကိုရီးယားသို့ ကြွချီလာ။


၂၀၁၄ ခုနှစ် ဧပြီ ၅ ရက် စနေနေ့ နံနက် ၈နာရီခွဲခန့်က တိပိဋကမဟာဂန္ထ၀င်နိကာယ်ကျောင်းတိုက်၊ တိပိဋကသန္တာဝါသ ပရိယတ္တိစာသင်တိုက် တို့၏ ပဓာန နာယကဆရာတော် တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသသည် ဓမ္မခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ကြွရောက်လာပြီဖြစ်ပါသည်။
ရေစကြိုဆရာတော်အား ဒေါဂ်ဆာန် ( Duk San - ဂျိုဂယဲဂျူန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတော် - ဘိုမု(န်မ)ဂျောန်ဆာ၊ ယုန်အင်)၊ အရှင် သီလ (ဖားအောက်ကျောင်းတိုက်)၊ အရှင် ဥတ္တရာ (မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၊ ဦးက၀ိသာရ (ဓမ္မဒူတကျောင်းတော် (ကိုရီးယား)၊ ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များတို့ လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ခရီးဦးကြိုဆိုကြပါသည်။
ဆရာတော်သည် လက်ရှိ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် သီတင်းသုံးနေပါသည်။
မနက်ဖြန် ၂၀၁၄ခုနှစ် ဧပြီ ၆ရက် တနင်္ဂနွေနေ့ နေ့လည် ၁နာရီအချိန်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမတွင် နှစ်သစ်ကူးအကြို တရားကို ဟောကြားမည်ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာတိုင်းရင်းသားများ အားလုံး တရားနာ ကြွရောက်ကြပါရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည်။
ဆရာတော်သည် နှစ်သစ်ကူး အကြို တရားပွဲအပြီးတွင် ကင်းမ်မဲ၊ ဒဲဂုမြို့၊ ဘူဆာန်မြို့များသို့ ကြွရောက်ပြီး တရားများ ချီးမြှင့်မည်ဖြစ်ပါသည်။ 

ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)

No comments: