Saturday, April 5, 2014

ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက် ဖွင့်လှစ်ခြင်း


ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက် သည် ဘူဆန် ၊ ဂင်မ်ဟဲမြို့တွင် ကိုရီယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား များ၏ စုပေါင်းမတည်ငွေများဖြင့် ရပ်တည်ထားသော အသင်းဖြစ်ပါသည်။
အသင်းကို (၂၀၀၇) ခုနှစ် ကတည်းက စတည်တည်ထောင်ခဲ့သော်လည်း ယခု အခါမှသာ အသင်းအနေဖြင့် ထိထိရောက်ရောက် လှုပ်ရှားနိုင်ခြင်း ဖြစ်ပါသည်။
အသင်း နှင့် စာကြည့်တိုက် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများအတွက် အလုပ်သမားရေး ၊ပညာရေး ၊ နိုင်ငံရေး ၊ လူမူရေး ၊ စီးပွားရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေရန် အတွက် ကူညီပေးနိုင်ရန် ဖွဲ့စည်းထားသော အသင်းဖြစ်ပါသည်။
အသင်း၏ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ဘူဆန် နိုင်ငံခြားသား အကူအညီပေးရေးရုံးများ နှင့် ချိတ်ဆက်ကာ အပတ်စဉ် (တနင်္ဂနွေ) နေ့ တိုင်း အလုပ်သမား ဥပဒေများကို သင်ကြားပေးခြင်း ၊ ကိုရီးယား ဘာသာစကားသင်တန်းများ သင်ကြားပေးခြင်း ၊ အခြားသော စီးပွားရေး သင်တန်းများ ၊ မီဒီယာ သင်တန်းများကို လည်း တိုးချဲ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။
ထို့အပြင် အသင်း စာကြည့်တိုက်တွင် အင်တာနက် ကိုလည်း အခမဲ့ ချိတ်ဆက်ပေးထားပါသည်။
အလုပ်ထွက်လာသော ရွှေမြန်မာများအတွက် အသင်းရုံးခန်းတွင် အခမဲ့ တည်းခိုခွင့်ပေးကာ အလုပ်သစ်များကို ရှာဖွေ ကူညီပေးလျှက်ရှိပါသည်။
ကိုရီးယားနိုင်ငံရှိ အလုပ်သမား သမဂ္ဂများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ၊ ကိုရီယားနိုင်ငံရောက် နိုင်ငံခြားသာ အလုပ်သမား အဖွဲ့များ နှင့် အတူ လုပ်ကိုင်ခြင်းများကို လုပ်ဆောင်လျှက်ရှိပါသည်။
ပြည်တွင်းသို့ အသင်းအနေဖြင့် တတ်နိုင်သလောက် ထောက်ပံ့ခြင်းများကိုလည်း ဆောက်ရွက်လျှက်ရှိပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်ခြင်း (သို့)အသစ်ရေးဆွဲရေးအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများထံမှ သဘောထား ဆန္ဒများကိုလည်းကောက်ခံခြင်း အချက်အလက်များကို ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေးပို့ခဲ့ပါသည်။ ကိုရီးယားနိုင်ငံရှိ မြန်မာအဖွဲ့အစည်းပေါင်းစုံ ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြေငြာချက်ကိုလည်း ပူးပေါင်း ထုတ်ပြန်ခဲ့ပါသည်။
ဘာသာရေးလုပ်ငန်းများ ဆောက်ရွက်မှု အနေဖြင့် ဘူဆန် ဆရာတော်နှင့် ပူးပေါင်းကာ တရားပွဲများကိုလည်း ကျင်းပခဲ့ပါသည်။လူမူရေးလုပ်ငန်းများ အနေဖြင့် မြန်မာရိုးရာ ပွဲတော်များကိုလည်း တာဝန်ယူ ကျင်းပပေးပါသည်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဘူဆန် နိုင်ငံခြားသား အကူအညီပေးရေးရုံးနှင့် ရွှေမြန်မာများ၏ လှူဒါန်းငွေများဖြင့် ကျင်းပခဲ့ကြပါသည်။
ယခုအခါ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်ကို ( 경남 김해시 서상동 115-1 번지 ) အမှတ် ၁၁၅ - ၁ ၊ တတိယထပ် ၊ ဂင်မ်ဟဲမြို့ ဆော်ဆန်းရပ်ကွက် ရှိ နေရာသစ်တွင် ဖွင့်လှစ်ထားပါသည်။
ဘူဆန် သို့ ရောက်ရှိလာသော ရွှေမြန်မာများအနေုဖြင့် ရွှေအလင်းတန်း မြန်မာအသင်း သို့ ဖုန်းဆက်ကာ လိုအပ်သည့်အကူအညီများကို တောင်းခံနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည် ခင်ဗျာ..
အသင်းအတွက် လစဉ်ကြေး အလှူငွေများကို အောက်ပါ ဘဏ်အကောင့်သို့ ဆက်သွယ် လှူဒါန်း နိုင်ပါသည်။
ဘဏ် အကောင့် ......
부산은행 (Busan Bank)
Account No. 112-2036-8278-07
테옹파잉 (HTET AUNG PAING)
စာကြည့်တိုက် ဖုန်းနံပါတ် Ph: 055-366-3070
ကိုဇော်မင်း (+82) 10-5946-6694 ( အသင်း ပြန်ကြားရေး တာဝန်ခံ )
fb https://www.facebook.com/thuthuzawmin
group https://www.facebook.com/groups/goldenlight009/
e-mail- thuthuzawmin@gmail.com

No comments: