Monday, August 11, 2014

အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ


အလှူတော်မင်္ဂလာ ဖိတ်ကြားလွာ

ဓမ္မအလင်းအသင်းသားများ(DMLFC)၏ မိဘများကို အမှူးထား၍ အန်ဆန်းမြို့ သန္တိကရဝိဟာရ၌ ကျောင်းဝေယျာဝစ္စအတွက် လစဉ်လှူဒါန်းခဲ့ကြ၊ လှူဒါန်းနေကြဆဲဖြစ်သော ကုသိုလ်အစုစုကို ရေစက်ချ အမျပေးဝေပွဲအခမ်းအနားကို ပြုလုပ်လိုပါသဖြင့် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း နေ့ဆွမ်းဆက်ကပ်ပြီး ထပ်မံကုသိုလ်ယူမည်ဖြစ်ပါသည်။

သို့ပါ၍   သူငယ်ချင်းများအားလုံး လာရောက်၍ ဓမ္မအလင်းအသင်းသားများ၏ ကုသိုလ်အဖို့ကို သာဓုခေါ်ဆို အမျယူရင်း  အရသာရှိသောအာဟာရများကို လာရောက်သုံးဆောင်ကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ခင်မင်လေးစားမှုဖြင့်
ဓမ္မအလင်းအသင်းသားများ
(DMLFC)

အစီအစဉ်
နေ့ရက် - ( ၁၇, ၈, ၂၀၁၄ ) တနင်္ဂနွေနေ့
တရားနာယူချိန် - မနက် (၁၀း၀၀) နာရီ
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

ဧည့်ခံမှု - အရသာရှိသော ဒံပေါက်

No comments: