Thursday, July 31, 2008

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ နာဂစ်လေဘေးဒုက္ခသည်များရန်ပုံငွေ အထူးတရားပွဲ

ကျွန်တော်သည် ကိုရီးယားနိုင်ငံရှိ ပူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက် ခန်းမဆောင်၌(3-8-2008) တနင်္ဂနွေနေ့ နေ့လယ် ၀၁း၀၀ နာရီတွင် နာဂစ်လေဘေးဒုက္ခသည်များရန်ပုံငွေ အထူးတရားပွဲ ဟောကြားတော်မူရန်ကြွရောက်လာသော သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ အထူးတရားပွဲတော်သတင်း ကြားသိရ၍ အထူးပင်ဝမ်းမြောက်ပီတိဖြစိပြီးသွားရောက်တရားနာရန်စောင့်ဆိုင်း၍လှူဒါန်းရန်လဲပြင်ဆင်နေပါသည်။ ကြုံတောင့်ကြုံခဲအခွင့်အရေးမို့ လက်မလွတ်စေရန်ကြိုးစားနေပါသည်။
၂၀၀၈ ခုနှစ်၊ မေလ၂ရက်နှင့် ၃ရက်ညက မြန်မာနိုင်ငံ ဧရာဝတီတိုင်းအောက်ပိုင်းနှင့် ရန်ကုန်တိုင်း ဒေသတချို့တွင် တစ်နာရီ ကီလိုမီတာ ၂၀၀ ခန့်အထိ ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ရဟန်း ရှင် လူပြည်သူအပေါင်း နှစ်သိန်းနီးပါး ကျောင်းမဲ့ အိမ်မဲ့ အဖြစ်သို့ရောက်ရှိခဲ့ရပြီး၊ ရဟန်း ရှင် လူပြည်သူ
အပေါင်း နှစ်သိန်းနီးပါးခန့် ပရမ်း ပတာသေဆုံးခဲ့ရသည်။ တသက်မှာတစ်ခါကြုံခဲ့ရသည့် အလွန်ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီး တစ်ရပ်အဖြစ် မှတ်တမ်းတင်ခံရသည်။
မိမိကိုယ်တိုင် ဤကဲ့သို့ ပျက်စီးခြင်းမျိုးတို့်ကို မထိတွေ့မခံစားရစေကာမူ မိမိနိုင်ငံသူ နိုင်ငံသား ရဟန်း ရှင် လူပြည်သူ အများတို့ ဤမျှ စပ်ခါးစူးရှသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရသည့်အဖြစ်ကို တွေ့မြင်ရသည့်အခါ မိမိနှလုံးသားမှာလည်း ထိုဒုက္ဒသည်များနှင့်မခြား အပ်သွားတစ်ရာဖြင့် ထိုးဆွခံရဘိအလား
ပြင်းစွာသောဝေဒနာကို စူးစူးရှရှခံစားရပါသည်ဟု သီတဂူဆရာတော်က မိန်ကြားလေသည်၊ ထိုဒုက္ဒသည်များကို စောင့်ရှောက်ကူညီရန်အတွက် မေလ (ဂ)ရက်နေ့ တွင် သီတဂူအဖွဲ့ကို အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကရုဏာလမ်းကြောင်းကိုတည်ဆောက်ကြရန်၊ ထိုလမ်းကြောင်းပေါ်မှာ လက်တွဲလျှောက်လှမ်းကြရန်၊
ဒုက္ဒရောက်သူတို့ကို စောင့်ရှောက်ဖို့ လက်တွေ့လုပ်ရမည်ဟု မူစနစ်ချမှတ်ခဲ့သည်။ လုပ်နိုင်စွမ်းရှိသူ လုပ်ငန်းကျွမ်းကျင်စွာလုပ်တတ်သူတို့မှာ လုပ်ချင်စိတ်ရှိဖို့ အရေးကြီးပါသည်၊ လုပ်ချင်စိတ်ရှိငြားသော်လည်း မလုပ်တတ်လျှင် ထိထိပေါက်ပေါက်အကျိုးမသက်ရောက်နိုင်ပေ။
အစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများထံမှ အကူအညီတစုံတရာ မရရှိသေးသော ဒုက္ခသည်များအတွက် ပုဂ္ဂလိကအလှူရှင်များက ရက်ရက်ရောရော ထည့်ဝင်လှူဒါန်းကြပြီး သံဃာများ ကလည်း အမှန် တကယ် ရရှိရန် ပို့ဆောင် ကူညီခဲ့ကြသည်။ ပြည်သူအများစုကလည်း တရားဝင်အဖွဲ့အစည်း များထက် ပို၍ယုံကြည်ရ၊ လေးစားရသော ဘုန်းကြီး ကျောင်းများမှတဆင့် လှူဒါန်းလိုကြသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် လူထုခံစားနေရသော စီးပွားရေးအကျပ် အတည်းကို လူထုကိုယ်စား သံဃာတော်များက ဦးဆောင်ရှေ့ထွက်၍ လှုပ်ရှားခဲ့ကြပြီး နောက်ပိုင်းတွင် သံဃာများကို ပို၍ ကိုးစားလာကြသည်။
အထူးသဖြင့် သီတဂူဆရာတော် ကဲ့သို့သော အများပြည်သူလေးစားကြည်ညိုသည့် သံဃာတော်များက ထိုဒေသများအတွင်း လွတ်လပ်စွာ သွားလာနိုင်၍ အကူအညီပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြသည်။
မန္တလေး မဇ္ဖျိမဂုဏ်ရည် ဆရာတော်၊ ဓမ္မစေတီ ဆရာတော်နှင့် ရန်ကုန်မှ ရွှေညာဝါ ဆရာတော်အပါအ၀င် တခြားထင်ရှား သော ဆရာတော်များကလည်း မုန်တိုင်းသင့် ဒုက္ခသည်များကို အကူအညီပေးရာတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြ သည်။ ဆရာတော်များသည် လှူဖွယ်ပစ္စည်းများကို လက်ခံခြင်းသာမက အမှန်တကယ် လိုအပ်နေသည့် ဒုက္ခသည်များထံ အကူအညီများကို တိုက်ရိုက် ပို့ဆောင်ပေးနိုင်ခဲ့ကြသည်။
အကူအညီပေးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကအလှူရှင်များ ၏စေတနာသည်လည်းအံ့မခန်းပါ။ သို့သော် ထိုသူများသည် တတိုင်းပြည် လုံး၏ လူဦးရေနှင့် ယှဉ်ကြည်ပါက အနည်းစုသာ ဖြစ်နေပြီး သဘာဝ ကပ်ဘေးကြီးအတွက် စေတနာဝန်ထမ်းများ များစွာလိုအပ်နေပါသေးသည် ။
သီတဂူဆရာတော်သည် သဘာဝ ကပ်ဘေးဒဏ် ခံခဲ့ရသည့် ဒေသကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် စိတ်ထိခိုက် ခံစားခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများ၊ အထောက်အပံ့ပစ္စည်းများကိုနည်းလမ်းမျိုးစုံ (မုန်တိုင်းသင့် ဒေသများသို့ ကုန်းလမ်းမှ တသွယ်၊ ရေလမ်းဖြင့် တနည်း ) ဖြင့် ပေးပို့ ကူညီနေခဲ့သည်မှာ
ယခုအချိန်အထိဖြစ်ပါသည်။
သီတဂူဆရာတော်ဘုရားကြီး၏ မြွတ်ကြား ချက်ထဲမှ “ကရုဏာတရားက အရေးကြီးပါသည်။ သို့သော် ဤတခုတည်းမျှနှင့်မပြီး။ လက်တွေ့အလုပ်နှင့် ပေါင်းစပ်ရမည်၊ ကရုဏာတရားမရှိရင် တာဝန်မဲ့သူ တဦးဖြစ်သွားမှာ” “ဒါပေမယ့် ကရုဏာတရားကို စိတ်ထဲ၊ စကားလုံးထဲမှာထားရုံနဲ့ မုန်တိုင်းသင့်ဒေသက ဒုက္ခသည်တွေကို ကူညီရာ မရောက် ဘူး။ အဲဒီလို ကရုဏာတရားက ငတ်မွတ်နေတဲ့ လူတွေအတွက် အစားအစာ ရောက်လာ အောင် ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူး” ဟု ဆရာတော်က မြွတ့်ကြားထားပါသည်။
သို့ ပါ၍ကျွန်တော်တို့ သည်လည်း ဆရာတော်ဘုရားကြီး၏ မြွတ်ကြား ချက် အတိုင်း တတ်အားသ၍
(အလှူငွေအား ၊ လုပ်အား ) တို`့ဖြင့်ဝိုင်းဝန်းကူညီ၍ ကုသိုလ်ရယူကြပါစို့ ။


1 comment:

ဝင်းပေါ်မောင် said...

ခေါင်းစဉ်လေးတော့ တပ်ပါဦးဗျ...