Monday, July 21, 2008

ဝါဆိုသင်္ကန်း ကပ်လှူပွဲ ဖိတ်ကြားလွှာ

ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား) (Dhammaduta Buddhist Association in Korea) အနေဖြင့် ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာ မြန်မာ ညီအစ်ကို မောင်နှမများနှင့်အတူ၊ ၁၃၇၀ ပြည့်နှစ် ၀ါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်တော်မူပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ရက်စွဲ — ၁၃၇၀ ပြည့်နှစ် ၀ါဆိုလပြည့်ကျော် ၃ ရက်၊ (တနင်္ဂနွေနေ့)
(၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်)
နေရာ — ဓမ္မဒူတသိမ်တော် ခမ်းမ
အစီအစဉ် —
-၀၆း၃၀ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်ခြင်း။
-၀၇း၁၅ ဧည့်သည်တော်များ နံနက်စာ အာဟာရသုံးဆောင်ခြင်း။ (ကြက်သားပလာတာ)
-၀၉း၃၀ ခေတ္တနားခြင်း။
-၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်း။
-၁၁း၅၀ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း။ (မြန်မာ ထမင်းဟင်း)
-၁၃း၁၅ ခေတ္တ အနားယူခြင်း။
-၁၃း၃၀ အခမ်းအနား စတင်ခြင်း။
-၁၃း၃၅ ၀ါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများ လှူဒါန်းခြင်း။
-၁၅း၀၀ အလှူတော်ရေစက်ချ တရားနာကြားခြင်းနှင့် အခမ်းအနား ပြီးဆုံးခြင်း။

ပါရမီရှင်များ အနေဖြင့် အလှူဝတ္ထုပစ္စည်းများကို အောက်ပါအတိုင်း လှူဒါန်းနိုင်ရန် ဓမ္မဒူတအသင်းမှ အသင့် စီစဉ်ထားပါကြောင်း တပါတည်း အသိပေးအပ်ပါသည်။

၁။ သင်္ကန်း၊ ပရိက္ခရာ ရှစ်ပါးအစုံ တစ်စုံ ၀မ် (၅၀၀၀၀)
၂။ တိစီဝရိတ်သင်္ကန်း တစ်စုံ ၀မ် (၃၀၀၀၀)
၃။ သင်္ကန်းဒွိစုံ တစ်စုံ ၀မ် (၂၀၀၀၀)
၃။ ထီး၊ ယပ်၊ ဖိနပ်၊ တစ်မျိုး ၀မ် ( ၅၀၀၀)
၎။ ဆွမ်းဆန်တော် (၁၀ ကီလို) တစ်အိတ် ၀မ် (၂၀၀၀၀)
၅။ ဆီ (၂.၅ လီတာ) တစ်ပုံး ၀မ် (၅၀၀၀)

အလုပ်အမှုဆောင်အဖွဲ့
ရက်စွဲ၊ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်

No comments: