Monday, July 21, 2008

မြန်မာအသင်း (ကိုရီးယား) ရွေးကောက်ပွဲ

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)


မြန်မာအသင်း (ကိုရီးယား)


MYANMAR ASSOCIATION IN KOREA


미 얀 마 공 동 체



မြန်မာအသင်း (ကိုရီးယား) ၏ အလုပ်အမှုဆောင်သက်တမ်းမှာ ယခင်က တစ်နှစ်ဖြစ်၍ သက်တမ်းတစ်နှစ်ကုန်ဆုံးသည့်အချိန်တိုင်း ဦးဆောင်နေရာများဖြစ်သည့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူး နေရာတို့ကို ဒီမိုကရေစီနည်းကျစွာ မဲပေးသည့်စံနစ်ဖြင့် ရွေးကောက်တင်မြှောက်ကာ ကဏ္ဍအလိုက် ရေးရာမှူးများရွေးချယ်ပြီး အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။

၂၀၀၆ ခုနှစ်မှစ၍ အလုပ်အမှုဆောင်သက်တမ်းအား နှစ်နှစ်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ကြသည်။

ယခုအခါ မြန်မာအသင်း (ကိုရီးယား) ၏ ၂၀၀၆-၂၀၀၈ အမှုဆောင်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပါသဖြင့် လာမည့် ၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင်သက်တမ်းအတွက် ဦးဆောင်လေးနေရာ ပြန်လည်ရွေးချယ်ခြင်းနှင့် အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းကို လာမည့် သြဂုတ်လအတွင်း ပြုလုပ်မည်ဖြစ်သည်။

၂၀၀၈ မြန်မာအသင်း (ကိုရီးယား) ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
ဦးဝင်းမြင့်ဦး (၀၁၁- ၂၉၂- ၉၅၄၂)၊ ဦးဝင်းနိုင်ဦး (၀၁၀- ၈၆၄၈- ၄၅၃၃)၊ ဦးဝင်းပေါ်မောင် (၀၁၀- ၃၉၃၈- ၅၇၁၂)၊ ဦးအေးကို (၀၁၁- ၉၈၉၇- ၉၈၆၁)

ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် အတိအကျကို ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်မည်ဖြစ်သည်။

1 comment:

MHM said...

ရွေးကောက်ပွဲဆို ကြောက်ပါပြီ ခင်ဗျ...