Tuesday, July 22, 2008

ဒေါ်စုအား လာမည့် ၆လအတွင်း လွှတ်နိုင် မလွှတ်နိုင်


ဇူလိုင် ၂၁ Munha
နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ၆လအတွင်း ပြန်လည် လွှတ်နိုင်ဖွယ် အလားအလာ ရှိနိုင်သည်ဟု Reuter´s News Agency ၏ ဇူလိုင်လ ၂၀ရက်နေ့က ရေးသားဖော်ပြချက်အား ကိုးကား၍ ကိုရီးယားနိုင်ငံထုတ် Munha llbo သတင်းစာတွင် ယနေ့ ရေးသားဖော်ပြသည်။စင်္ကာပူ နိုင်ငံတွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ညစာစားပွဲတွင် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းမှ လာမည့် ၆လအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် အလားအလာရှိသည်ဟု ပြောကြားခဲ့ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးမှ ထုတ်ဖော် ပြောကြားခဲ့သည်ဟုသိရှိရသည်။ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးမှ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း သည် မိမိအား မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေအရ နိုင်ငံရေးကိစ္စဖြင့် အကျယ်ချုပ်နှင့် ထိန်းသိမ်းထားနိုင်ခြင်းသည် ၆နှစ် သက်တမ်းသာ ရှိသည့်အတွက် ဒေါ်ဆောင်ဆန်းစုကြည် အနေဖြင့် နှစ်ဝက်ခန့်သာ လိုတော့ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းစာဆရာများအား ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစာဆရာများမှ ထိုသို့ ပြောကြားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် သက်တမ်း ၆နှစ် အတွင်း ပြန်လည် လွှတ်ပေးမည်ဟု ပြောဆိုခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသလားဟု မေးမြန်းခဲ့ရာတွင် မတိကျမရေရာသော ခန့်မှန်းပြောဆိုချက် မဟုတ်ကြောင်း ပြန်လည်ဖြေကြား သွားခဲ့သည်ဟု သိရှိရသည်။


Type rest of the post here

No comments: