Tuesday, July 22, 2008

နာဂစ် ဒဏ်ခံ ဒေသများ ပြန်လည် ထူထောင်ရေး အနည်းဆုံး အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ လိုအပ်မည်ဟုဆို


ဇူလိုင် ၂၁ Newsis

မြန်မာနိုင်ငံ နာဂစ် မုန်တိုင်းတိုက်ခိုက်ခြင်း ခံခဲ့ရသော ဒေသများ ပြန်လည်ထူထောင် နိုင်ရေးအတွက် ၃နှစ်တာ ကာလ အတွင်း အနည်းဆုံး အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ လိုအပ်မည်ဖြစ်သည်ဟု ကုလသမဂ္ဂနှင့် အာဆီယံ အဖွဲ့တို့၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်ဟု သိရှိရသည်။စင်္ကာပူ နိုင်ငံတွင် ယနေ့စတင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်နေသော အာဆီယံအဖွဲ့ အတွင်းရေးမှူးမှ သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာစစ်အစိုးရ တို့ ပူပေါင်းကာ နာဂစ် မုန်တိုင်းဒဏ် အများဆုံးခံခဲ့ရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ရှိ မုန်တိုင်းဒဏ်ခံ ဒေသများအား စစ်ဆေးသုံးသပ်ချက်အရ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ၃နှစ်အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ သန်း၁၀၀၀ ကုန်ကျမည်ဟု သဘောတူ ခန့်မှန်းခဲ့ကြသည်ဟု သတင်းစာ ဆရာများအား ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရသည်။


Type rest of the post here

No comments: