ကိုရီးယားနိုင်ငံ၊ နိုင်ငံတကာ ဗုဒ္ဓသာသနာပြုများအဖွဲ့(International Dharma Instructors Associationမှ) ဦးစီးကျင်းပမည့်နိုင်ငံခြားသားအလုပ်သမားများအတွက် ပျော်ရွင်စရာ အားကစားပြိုင်ပွဲများကို 9.21.2008ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံအသင်းများမှာ ကိုရီးယားနိုင်ငံလာရောက်အလုပ်လုပ်ကိုင်ကြသော အာရှနိုင်ငံများမှအသင်းများဖြစ်ပါသည်၊ပါဝင်ယှဉ်ပြိုင်နိုင်မည့်အားကစားနည်းများမှာ
၁။ဘောလီဘောပြိုင်ခြင်း၊
၂။(ရင်းဘိုး)တန်းအောက်မှ ရင်ကော့၍လမ်းလျှောက်ခြင်း၊
၃။ရိုးရာအားကစားနည်းများ ပုံစံပြသ သင်ကြားပေးပြီးယှဉ်ပြိုင်စေခြင်း၊
၎။ကွင်းကို ခါး၌ လှည့်၍ ယှဉ်ပြိုင်ခြင်း
၅။ဘောလုံးအကြီးကြီးကို တွန်းလိမ့်၍ ပန်းတိုင်ရောက်အောင်ယှဉ်ပြိုင်ခြင်း၊
၆။လွန်ဆွဲပြိုင်ခြင်း၊(တစ်သင်းလျှင် ၄၀ ယောက်နှင့်အထက်)
၇။အဖွဲ့လိုက်ကြိုးခုန်ယှဉ်ပြိုင်ခြင်း။ (၄ ယောက်တစ်ဖွဲ့)
၈။လက်ဆင့်ကမ်း အပြေးပြိုင်ခြင်း (အသက် ၂၀ ၀န်းကျင် ကျား ၁/မ ၁/ အသက်၃၀ ကျား ၁/အသက်၃၅ ကျား ၁) ၄ ယောက်တစ်သင်း။
၉။ငါးမျှားတံပုံစံမျိုးဖြင့် သတ်မှတ်ထားသော ပစ္စည်းရအောင်ယူခြင်း။ တို့ကိုယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်သူအားလုံးကို လက်ဆောင်ပစ္စည်းများကိုလည်း ပေးဦးမည်ဖြစ်ပါသည်။ တူညီဝတ်စုံကို ပါဝင်ယှဉ်ပြိုင်မည့်သူအား ပေးပါမည်။ မနက်စာ နေ့လည်စာ အအေး တို.ကို မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်မှ စီစဉ်ပေးပါမည်။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် သို့ ၇း၃၀ အရောက် လာရပါမည်။ (၂၅.၈.၂၀၀၈) နောက်ဆုံးထား၍စာရင်းပေးရပါမည်။ အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း စာရင်းပေး နိုင်ပါသည်။
*** မြန်မာအသင်း(အားကစား ရေးရာတာဝန်ခံ) 010 2790 9773 (ကိုကျော်ဇောအေး)
*** မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား) 032-511 2841
*** 010-2905 5799(ကိုအောင်ခိုင်)
Friday, August 15, 2008
ပျော်ရွင်စရာ အားကစားပြိုင်ပွဲသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment