Thursday, September 4, 2008

အပြင်းဆုံးဆန္ဒ

အပြင်းဆုံးဆန္ဒ

အိမ်ရာမထောင် သာသနာ့ဘောင်၌

ခေါင်းဆောင်ရှေ့သွား ဆရာတော်ဘုရားတို့သည်လည်းကောင်း၊

အိမ်ရာတည်ထောင် လူတို့ဘောင်၌

ခေါင်းဆောင်ရှေ့သွား လူအများတို့သည်လည်းကောင်း၊

မြန်မာဆရာ မြန်မာဒကာဟု ကမ္ဘာကိုရှုနိုင်သည့်

လူထုထိပ်ခေါင် ထိုခေါင်းဆောင်နှစ်မျိုးတို့သည်

ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်းမှီသို့

အချင်းချင်းအားထားကြကုန်လျှက်

၄၆ နှစ်ကြာ ရှည်လျားလှသော စစ်အာဏာရှင်ဘ၀မှ

လုံးဝမတ်မတ်လွတ်လပ်ရအောင်

အားသွန်ခွန်စိုက် လုံ့လစိုက်လျက်

တို့ပြေ တို့မြေ တို့အမွေဟု အောင်လံထူကာ

အမြတ်ရတနာ သာသနာလည်း

ရောင်ဝါထိန်ညီး လုံးစုံပြီးအောင် ချီးမြှောက်နိုင်ကြပါစေ။

မောင်ဘမောင်(ဘုန်းစိုး)

(၀န်ခံချက်။ ။ နှစ်သက်၍အလွတ်ကျက်ထားသော ကျေးဇူးတော်ရှင် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

အရှင်ဇနကာဘိဝံသ၏ လင်္ကာကို အနည်းငယ်သာ ပြင်ဆင်ထားပါသည်။)

No comments: