ကိုရီးယားရောက် မျိုးချစ်မြန်မာနိုင်ငံသားတိုင်းရင်းသားညီအကိုမောင်နှမအပေါင်းတို့~
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရမှ ဒေါက်တာစန်းအောင်နှင့်`မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး´ မှ အတွင်းရေးမှူး(၁) ကိုဆလိုင်းယောအောင်တို့၏ ဟောပြောပွဲအား ၂၀၀၈ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့ သောကြာနေ့ နေ့လယ် ၃နာရီ၃၀မိနစ်မှ ညနေ ၆နာရီ ၃၀မိနစ် အထိ အိုလံပစ် အားကစားကွင်းအဆောက်အဦ၏ ၂ထပ်မြောက်ရှိ ပါရီဟောခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ဟောပြောပွဲတွင် ဒေါက်တာစန်းအောင်မှ မျက်မှောက် မြန်မာ့နိုင်ငံရေးအခြေအနေကို သုံးသပ်တင်ပြ၍ ကိုဆလိုင်းယောအောင်မှ ထိုင်း၊မြန်မာနယ်စပ်အနေအထားများကိုသုံးသပ်တင်ပြမည်ဖြစ်ပါသည်။
ထို့ပြင် ကိုရီးယားရောက် မြန်မာများနှင့် တွေ့ဆုံ ဆွေးနွေးမည့် ပွဲကို လာမည့် အောက်တိုဘာလ ၁၂ရက်နေ့ တနင်္ဂနွေနေ့ နေ့လယ် ၂နာရီမှ ညနေ ၅နာရီ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေကိုရီးယားဌာနခွဲရုံးခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ပြန်ကြားရေး
မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီကိုရီးယား
Wednesday, October 8, 2008
ဒေါက်တာစန်းအောင်နှင့် ကိုဆလိုင်းယောအောင်တို့၏ ဟောပြောပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment