Tuesday, October 28, 2008

မဟာဘုံကထိန် ဖိတ်ကြားလွှာ

တန်ဆောင်မုန်းလ ရောက်တိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာဘုံကထိန်ပွဲ ကို ပဉ္စမအကြိမ်မြောက် အဖြစ် မြန်မာဗုဒ္ဓသာသနာ ပြုကျောင်းတော်၌ တန်ဆောင်မုန်း လပြည့်ကျော် ၄ရက် ( ၁၆.၁၁.၂၀၀၈ ) နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသဖြင့် လှူဖွယ်ဝတ္ထု အစုစု တိုကို အောက်ဖော်ပြပါ ဈေးနှုန်း များ အတိုင်း ကျောင်းတော်တွင် ဝယ်ယူလှူဒါန်း ပူဇော်နိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။

လှူဖွယ်ဝတ္ထု ဈေှးနှုန်းများ

ပရိက္ခရာရှစ်ပါး အစုံ ဝမ် ၅၀၀၀၀
တိစီဝရိတ်သင်္ကန်း ဝမ် ၃၀၀၀၀
သင်္ကန်း ဒွိစုံ ဝမ် ၂၀၀၀၀
ထီး ဝမ် ၅၀၀၀
ယပ် ဝမ် ၅၀၀၀
ဖိနပ် ဝမ် ၅၀၀၀

ကျင်းပမည့်နေ့ရက် ၊ ၊ ၁၆.၁၁.၂၀၀၈ ( တနင်္ဂနွေနေ့ )
( ၁၃၇၀ ခု တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက် )

ကျင်းပမည့်အချိန် ၊ ၊ နံနက် ၁၀ နာရီ မှ မွန်လွဲ ၃ နာရီ အထိ

ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )

ဧည်ခံကျွှေးမွေးရေး ၊ ၊ မြန်မာ ထမင်း ၊ ဟင်း

အလှူရှင် ( ကိုဇော်ဝင်းအောင် ၊ ကိုသားငယ် ၊ ကိုမိုးလွင် ) သူငယ်ချင်းတစ်စု



အကျိုးတော်ဆောင်အဖွဲ့
ဖုံး ၀၃၂- ၅၁၁၂၈၄၁
၀၁၀- ၂၃၂၇ ၂၄၅၇



No comments: