Monday, December 8, 2008

အမျှပေးဝေခြင်း

ရေးသားသူ — Dhammaduta.k@gmail.com
အမျှပေးဝေခြင်း
၂၀၀၈ စက်တင်ဘာလ ၂၇ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့သည့် ကိုသာစိုးအေး (အသက်-၃၉နှစ်) အား ရည်စူး၍ ဖိုချောန်းဒေသ(P’ocheon)မှ ကျန်ရစ်သူ မိတ်ဆွေများက ၊ ဓမ္မဒူတ (ကိုရီးယား) သို့ အလှူငွေ ၀မ် ၃၇၀,၀၀၀ (သုံးသိန်းခုနစ်သောင်း) လာရောက် လှူဒါန်းခြင်းအတွက် ၊ ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား) က ၀မ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။
အဆိုပါ လှူဒါန်းငွေများကိုလည်း ၊ သံဃာတော်အရှင်သူမြတ်အပေါင်းတို့အား အမှူးထား၍ ဓမ္မဒူတ(ကိုရီးယား) တွင် သီတင်းသုံးလျက်ရှိနေကြသော သံဃာတော်အရှင်သူမြတ်တို့အား သောကြာနေ့ ၁၀ ပတ်စာ ဆွမ်းအာဟာရ ဒါနအဖြစ် လှူဒါန်းပြီးဖြစ်ပါသည် ။
ဤကောင်းမှုအဖို့ဘာဂကိုလည်း ၊ ကွယ်လွန်သူ ကိုသာစိုးအေး သာဓုခေါ်ဆိုနိုင်သည်ဖြစ်၍ အမျှရရှိပါစေကြောင်း နှင့် ကောင်းရာသုဂတိ လားပါစေကြောင်း ၊ ၃၁ ဘုံအတွင်း ကျင်လည် ကျက်စား မျှောပါးသွားလာနေကြကုန်သော သုခိတ ဒုက္ခိတ ဝေနေယျ သတ္တ၀ါ အပေါင်းတို့အားလည်း အလှူရှင်များနှင့်အတူ ထပ်တူထပ်မျှ ရရှိကြပါစေရန် အမျှပေးဝေအပ်ပါကြောင်း………………..
ဗုဒ္ဓသာသနံ ၊ စိရံတိဋ္ဌတု-
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား)
၂၀၀၈ ဒီဇင်္ဘာ ၇
အင်ချောန်မြို့

No comments: