မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)သည် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ဘာသာရေး၊ လူမှုရေး စသည်တို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှါ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျောင်းတော်၏ ရည်ရွယ်ချက်ဖြစ်သော မြန်မာပိုင် သံဃိကကျောင်းတော်ကြီး အကောင်အထည်ပေါ် ဖြစ်မြောက်စေရေးအတွက် အကျိုးတော်ဆောင်အဖွဲ့ကို ဖွဲ့စည်း၍ ကျိုးစားဆောင်ရွက်လျက်ရှိပါသည်။
ကျောင်းတော်ကြီး ရေရှည် တည်တံ့ ခိုင်မာစွာ ရပ်တည် နိုင်ရေး ၊ သာသနာပြုလုပ်ငန်းများကို ထိထိရောက်ရောက်နှင့် ကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရေးအတွက် အကျိုးတော်ဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် ရှိပါသည်။ သို့ဖြစ်ပါ၍ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ပူးပေါင်းဆောင်ရွက်လိုသော အကျိုးတော်ဆောင်သစ်များအား နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
အကျိုးတော်ဆောင် အဖြစ် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်လိုသူများ အသေးစိတ်သိလိုပါက အောက်ပါ
ဖုံးနံပါတ်မျာသို့ ဆက်သွယ် နိုင်ပါသည်။
ဖုံး -၀၃၂ ၅၁၁ ၂၈၄၁ ၊ ၀၁၀ - ၅၈၂၉ ၉၃၀၃ ၊ ၀၁၀ - ၂၃၂၇ ၂၄၅၇
တွေ့ဆုံ ကျင်းပမည့် နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
တွေ့ဆုံ ကျင်းပမည့် နေရက် ၊ ၊ ၁၅.၀၂.၂၀၀၉ ( တနင်္ဂနွေ )
တွေဆုံ ကျင်းမမည့် အချိန် ၊ ၊ မွန်းလွဲ ၄ နာရီ
Wednesday, January 28, 2009
အကျိုးတော်ဆောင်သစ်များဖိတ်ခေါ်ခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment