Monday, March 2, 2009

ဆရာတော် အရှင်ဆေကိန္ဒ(ဓမ္မဒူတ) ကိုရီးယားသို့ ကြွရောက်တော်မူမည်

ကိုဝိုင်း(မိုးညှင်း)
မတ်လ ၂ ရက် ၊ ဆောအူးလ်မြို့ ။

ဓမ္မဒူတစင်တာ(ကိုရီးယား) ၏ ၊ ပဓာန နာယကဆရာတော် အရှင်ဆေကိန္ဒ(ဓမ္မဒူတ) သည် ၂၀၀၀၉ ခုနှစ် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ၊ တောင်ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်တော်မူလာမည်ဖြစ်ကြောင်း နှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများအတွက် ၊ ဓမ္မသဘင်ကို အောက်ပါအစဉ်အတိုင်း ကျင်းပမည် ဖြစ်ကြောင်းသိရသည် -
ရက်စွဲ ။ ၂၀၀၉ ခုနှစ် ၊ မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့)၊
အချိန် ။ မွန်းလွဲ ၁နာရီ ၃၀ မိနစ် (တစ်နာရီခွဲ) ၊
နေရာ ။ ဓမ္မဒူတ သိမ်တော်ခမ်းမ
ဓမ္မသဘင်သို့ကြွရောက်တော်မူကြမည့် ဓမ္မမာမကများအတွက် ၊ ကိုဟိန်းထက်အောင်နှင့် မိတ်ဆွေများက အထူးဒံပေါက်ဖြင့် အာဟာရဒါနပြု ကုသိုလ်တော်ယူကြမည်ဖြစ်ကြောင်းသိရသည် ။
အသေးစိတ် အစီအစဉ်ကို ထပ်မံကြေငြာမည်ဟု ဆိုသည် ။


No comments: