Thursday, March 12, 2009

ဒေါ်ဝင်နီမောင်မောင် (၅၈နှစ်) ရက်လည်ဆွမ်းသွတ် ဖိတ်ကြားခြင်း

(၈.၃.၀၉)တနင်္ဂနွေနေ့ မနက်၂နာရီခွဲ တွင် ဘ၀တစ်ပါး သို့ကူးပြောင်းသွားသော မွေးသမိခင် ဒေါ်ဝင်နီမောင်မောင် (၅၈နှစ်) အားရည်စူး၍ ရက်လည်ဆွမ်းသွတ်ကို(၁၅.၃.၀၉)တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်တရားတော်နာကြွရောက် အမျှအတန်း ပေးဝေပေးကြပါရန် ခင်မင်ရင်းနှီးသော မိတ်ဆွေများ၊ချစ်ခင်ရသော ညီအစ်ကိုမောင်နှမများ၊အဖွဲ့ အစည်း အသီးသီး၌ လှူပ်ရှားနေကြတဲ့ လေးစားရပါသော အစ်ကိုများအား ဖိတ်ကြားအပ်ပါသည်။

လေးစားစွာဖြင့် 
ကိုအောင်ခိုင်(၀၁၀ ၉၉၆၂ ၅၆၈၇)
(ဗုဒ္ဓသာသနာပြုကျောင်းတော် အကျိုးတော်ဆောင်)

တရားပွဲအချိန်~~~ မွန်းလွဲ ၁နာရီ (၁၅.၃.၀၉)

နေရာ ~~~မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်(၀၃၂ ၅၁၁ ၂၈၄၁)

ကြွရောက်လာကြမည့် ဧည့်သည်တော်များကို ယိုးဒယားလူမျိုးများ ဦးစီးချက်ပြုတ်ပေးသည့်ယိုးဒယား အစားအစာ၊ထမင်း၊ဟင်းများအချိုပွဲများဖြင့်ဧည့်ခံကျွေးမွေးပါမည်။

2 comments:

winlatt said...

ကိုအောင်ခိုင်ရေ...
ထပ်တူဝမ်းနည်းမိပါကြောင်း....

အောင်ခိုင်(မန်း) said...

ယခုအချိန် မြန်မာပြည်၌ ရသီဥတုပူပြင်း နေပါသဖြင့်သွေးတိုးရောဂါ ရှိသော မိဘ၊အစ်ကိုကြီး၊အစ်မကြီးများ အား ဒေါသမကြီးမိစေရန်၊အစားအသောက် ဂရုစိုက်စေရန် သတိပေးပြောကြားစေချင်ပါသည်။
ကျွှန်တော် မေမေက သွေးတိုးရောဂါ အခံကလည်းရှိ၊ရသီဥတုက ပူပြင်း ၊ကလေးမလေးများကို ဒေါသတကြီး ဆူပူပြောဆိုပြီး တခဏအကြာ ဦးနှောက် သွေးကြော ပေါက်ကာ ဖေဖေ နောက်ကို လိုက်ဖို့အကြောင်းဖန်လာပါတော့တယ်။