အီမြောင်ဘာ့ဂ်အစိုးရ တက်လာပြီးနောက် အင်အားနည်းသူတို့၏ အနေအထား တိုးတက်ရေးအတွက် နှစ်စဉ် ကြိုးပမ်းဆောင်ရွက်နေကြ သည့် လှုပ်ရှားမှုများအပေါ် ထောက်ပံ့မှုများ ရပ်ဆိုင်းခြင်း ခံရသည်။
ထိုအထဲတွင် ပြည်သူ့ရင်ဖွင့်သံကို ပြည်သူကိုယ်တိုင်ရိုက်ကူးတင်ပြကာ အသံလွှင့်နေသည့် RTVရုပ်သံဌာန သည်လည်း နှစ်စဉ် အစိုးရ ထောက်ပံ့ကြေးလက်ခံရရှိသည့် အသံလွှင့်ဌာနများအထဲမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။ ထို့ကြောင့် RTVတွင် အခန်းကဏ္ဍတခုအဖြစ် ပါဝင်တင်ပြနေသည့် ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန MWTVသည်လည်း ဆက်လက် ပါဝင်ခွင့် မရကာ ရပ်တည်ရန် ခက်ခဲခဲ့ရသည်။
လက်ရှိ MWTVတွင် နီပေါနိုင်ငံသား ၂ဦး၊ မြန်မာနိုင်ငံသား၁ဦးနှင့် ကိုရီးယား နိုင်ငံသား ၁ဦးတို့သည် လစာ ၀မ်၈သိန်းဖြင့် တာဝန် ထမ်းဆောင်နေကြသည်။ အခက်အခဲမျိုးစုံ ရှိသော်ငြားလည်း ရွှေ့ပြောင်းအလုပ်သ မားတို့၏ ရင်ဖွင့်သံများ၊ ဘ၀ရုပ်ပုံလွှာများအား တစိုက်မတ်မတ် ရိုက်ကူး တင်ပြလျှက်ရှိသည်။ အစီအစဉ်များကို RTVတွင် တင်ပြနိုင်ခြင်း မရှိသော်ငြားလည်း လက်ရှိMWTV၏ ဟုမ်းပေ့ခ်ျတွင် ရွှေ့ပြောင်းသူတို့၏ မိခင်ဘာ သာစကားများဖြင့် သတင်းများ၊ အခြား စိတ်ဝင်စားစရာများကို စဉ်ဆက်မပြတ် တင်ပြ၍နေသည်။
ရွှေ့ပြောင်းသူတို့၏ ရင်ဖွင့်သံများ ပျောက်ကွယ်သွားမည်ကို မလိုလားသည့် ကိုရီးယားနိုင်ငံသားများမှ လစဉ်ဝမ် ၅ထောင်၊ ၁သောင်း စသည်ဖြင့် ၀ိုင်းဝန်းလှူဒါန်းကြသဖြင့် ရုံးခန်းဘိုး ၀မ်၃သိန်း၊ စတူဒီယိုဘိုး ၀မ်၃သိန်း နှင့် အခြား အထွေထွေကုန်ကျစရိတ်များ အဆင်ပြေရသည်။
သို့သော် ရွှေ့ပြောင်းသူတို့ ဘ၀တိုးတက်ရေး၊ လူ့အခွင့်အရေး အပြည့်အ၀ရရှိရေးနှင့် ရွှေ့ပြောင်းသူ တို့မှ မွေးဖွားသည့် ကလေးငယ်များ အနာဂတ်သာယာစိုပြေရေးအတွက် ကြိုးပမ်းအားထုတ်နေကြသည့် MWTVအား တာဝန်သိသိ အမျှော်အမြင်ရှိရှိ ၀ိုင်းဝန်း ကူညီကြသည့် ရွှေ့ပြောင်းသူတို့မှာကား အလွန် နည်းပါး နေသည်ကို စိတ်မကောင်းစွာ တွေ့မြင်ရသည်။
ရွှေ့ပြောင်းသူတို့အရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည့် လှုပ်ရှားမှုများတွင်လည်း လူအချို့မှ လွဲ၍ အများစုသည် တက်ကြွှမှုမရှိကြချေ။လက်ရှိ စီးပွားရေးအကြပ်အတည်း ကြောင့် ရွှေ့ပြောင်းအလုပ်သမားတို့ အခြေအနေမှာ အလွန်ဆိုးဝါးနေသည်။ထိုအခက်အခဲများကို အသေးစိတ် ဦးဆောင်တင်ပြမည့်သူများတွင် MWTVအဖွဲ့သားများ ပါဝင်သဖြင့် ကိုရီးယားအစိုးရမှ MWTVအား မျက်မုန်းကျိုးနေသည်။
ဖုန်းဖြင့် ဆက်သွယ်၍ မလှုပ်ရှားရန်ပင် တားမြစ်နေသည်။
သို့သော် MWTVသည် ရွှေ့ပြောင်းသူတို့၏ အသံဖြစ်သည်။
ရွှေ့ပြောင်းသူတို့ မျှော်လင့်ချက်များကို ရှင်သန်စေရန်ဖြစ်သည်။
ရွှေ့ပြောင်းသူတို့အတွက် အင်အားပြည့် အပြုံးများကို ဖန်တီးရန်ဖြစ်သည်။
ထို့ကြောင့် MWTVသည် နောက်ဆုံး ထွက်သက်အထိ ရွှေ့ပြောင်းသူတို့ရင်ဖွင့်သံကို ပျောက်ကွယ်သွားခြင်းမရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန် အဓိဌာန်ချထားပြီး ဖြစ်သည်။
ယခုနှစ်အတွက်မူ ကံကောင်းစွာဖြင့် ကြံ့ကြံ့ခံရပ်တည်လှုပ်ရှားနိုင်မည့် အခြေအနေရှိနေသော်ငြားလည်း ဘဏ္ဍာငွေကြေးအရ ရေရှည် ရပ်တည်ရန် အခက်အခဲများဖြင့် တွေ့ကြုံနေသည့် MWTV(ရွှေ့ပြောင်းသူတို့၏ ဟစ်တိုင်)ကို ကျနော်တို့ ကိုရီးယားရောက် အမိမြန်မာနိုင်ငံသားအလုပ်သမားများ အနေဖြင့် တတ်အားသ၍ အာရုံပြုသင့်ပါကြောင်း တင်ပြလိုက်ပါသည်။ ။
စိုးမိုးသူ(ဥက္ကဌ)
MWTV
Wednesday, March 4, 2009
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန MWTVကို ၀ိုင်းကြစို့~
Subscribe to:
Post Comments (Atom)
No comments:
Post a Comment