မြန်မာအသင်းဥက္ကဌဟောင်း ကိုဝင်းမြင့်ဦးမှ ခံစားနေရသော ကျောက်ကပ်ဝေဒနာခွဲစိပ်ကုသရန်အတွက် လိုအပ်သည့် ဆေးဝါးကုသခအား တတ်နိုင်သ၍ အကူအညီပေးနိုင်ရန် ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်းStop Crackdown Bandနှင့် ကိုရီးယားတီးဝိုင်း၆၀ိုင်းပူးပေါင်းကာ
လာမည့် ဧပြီလ ၃ရက် သောကြာနေ့ ညနေ ၈နာရီမှ ၁၂နာရီအထိ
ဆိုးလ်မြို့ ဟုန်းအိဂ် တက္ကသိုလ်အနီး ROYကလပ်တွင် စတိတ်ရှိုးပွဲအား ပြုလုပ်မည် ဖြစ်ပါသည်။
ဖျော်ဖြေမည့်တီးဝိုင်းများကိုယ်တိုင် အလှူငွေထည့်ဝင်ကြမည်ဖြစ်ပြီး
အများဆုံးဖြတ်ချက်အရ
ဝမ်၁သောင်းအား ၀င်ကြေးအလှူငွေအဖြစ်ကောက်ခံကာ
ဘီယာ အ၀သောက် ၀မ်၁သောင်းခွဲ သတ်မှတ်ထားပါသည်။
အဆိုပါပွဲမှ ရရှိလာသည့် အလှူငွေများအား ကိုဝင်းမြင့်ဦးထံ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပြီး ကိုရီးယားရောက်မြန်မာနိုင်ငံသားများအား ဖိတ်ကြားအပ်ပါသည်။
စိုးမိုးသူ(တီးဝိုင်းခေါင်းဆောင်)
Stop Crackdown Band
လမ်းညွှန်။ ။မြေအောက်ဘူတာ အစိမ်းလိုင်း နံပါတ်၂အား စီးကာ 홍대입구(ဟုမ်းဒဲအိဘ်ဂူး)ဘူတာ ထွက်ပေါက်အမှတ်(၄)မှထွက်ကာ ၃မိနစ်ခန့်လျှောက်ရပါသည်။
အောက်တွင် လမ်းညွှန်မြေပုံအား ကြည့်ရှုပါ။
ဆက်သွယ်ရန်။ ၀၁၀ ၇၁၅၅ ၆၅၈၁
Thursday, April 2, 2009
ဆေးကုသခ အလှူငွေရှာဖွေပွဲသို့ ဖိတ်ကြားအပ်ပါသည်။
Subscribe to:
Post Comments (Atom)
1 comment:
သာဓုပါဗျာ....သာဓု..သာဓု...ပွဲမကြည့်နိုင်ရင်တောင်
ဒါမျိုးဆိုတာကူညီသင့်တာပေါ့
Post a Comment