Saturday, January 11, 2014

ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့ အစည်းအဝေးတက်ရောက်ပါရန် ဖိတ်ကြားခြင်း

ကိုရီးယားနိုင်ငံ ဂင်မ်ဟဲမြို့ ရွှေအလင်းတန်း စာကြည့်တိုက်တွင် ရွှေအလင်းတန်း မြန်မာအသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများ ၊ အလုပ်သမားရေးရာကိစ္စများ ၊ ပြည်တော်ပြန် မည့်သူများအတွက် အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ရေး ၊ ၂၀၀၈ ဖွဲစည်းပုံ ပြင်ဆင်ရေး ကိစ္စများ ကို ဆွေးနွေးမည် ဖြစ်ပါသဖြင့် ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့အား မပျက်မ ကွက် တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ဆွေနွေးမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ရွှေအလင်းတန်း မြန်မာအသင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အပေါ်
ဆွေးနွေးတင်ပြခြင်း

(၂) ၂၀၁၄ ခုနှစ် ကိုရီးယားအလုပ်သမားဥပဒေ နှင့် ရပိုင်ခွင့်များအကြောင်း ဆွေးနွေးခြင်း

(၃) မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှု အကြောင်း နှင့် မြန်မာနိုင်ငံ၏ စီးပွားရေး
ပေါ်လစီများအကြောင်းကို ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များမှ လာရောက်ဆွေးနွေးခြင်း

(၄) မြန်မာနိုင်ငံအတွက် လက်ရှိအရေးကြီးနေသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ
ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကိုရီးယားရှိ အဖွဲ့အစည်းပေါင်းစုံသဘောတူညီချက်ဖြင့်
ထုတ်ပြန်မည့် " ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကြေငြာချက် " အပေါ်
တင်ပြဆွေးနွေးခြင်း

စသည့်အကြောင်းများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

နေ့ရက် ။ ။ ၁၂-၁-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် ။ ။ ညနေ (၄း၀၀) နာရီ
နေရာ ။ ။ ဂမ်ဟဲမြို့ ၊ ရွှေ့အလင်းတန်း စာကြည့်တိုက် သို့

ရွှေအလင်းတန်း မြန်မာအသင်း ကို ဆက်သွယ်ရန် -
ကိုတိုးသူရ 010-8916-7619 (တာဝန်ခံ-၁)
ကိုမင်းလတ် 010-7459-3070 (တာဝန်ခံ-၂)
ကိုဇော်မင်း 010-5946-6694 (ပြန်ကြားရေးတာဝန်ခံ)
https://www.facebook.com/groups/goldenlight009/photos/

No comments: