Saturday, January 11, 2014

နက်ဖြန် လာရောက် ပူးပေါင်းပေးကြပါ

ရေးသားသူ — စိုးမိုးသူ


နက်ဖြန် မနက် ၁၁နာရီ ဆိုးလ် 보신각ဘူတာ ထွက်ပေါက်၎မှာ ကမ်ဘောဒီးယားအလုပ်သမားအရေး မတရား ဖိနှိပ်မှုအား ကန့်ကွက်တဲ့ ဆန္ဒပြပွဲရှိပါတယ်။

ဒီပွဲကို ကိုရီးယားရောက် ကမ်ဘောဒီးယားအလုပ်သမားများ၊ ကိုရီးယားအလုပ်သမားသမဂ္ဂ၀င်များ၊ ကျောင်းသားပြည်သူများ ပူးပေါင်းပါဝင်ကြမှာဖြစ်ပါတယ်။...

လွန်ခဲ့တဲ့အပတ်က အခြေခံလစာ တိုးမြင့်ပေးဖို့တောင်းဆိုတဲ့ ကမ်ဘောဒီးယား အလုပ်သမားတွေကို ကမ်ဘောဒီးယားအစိုးရမှ စစ်တပ်ကို စေလွှတ်ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခိုင်းခဲ့တာကြောင့် သေဆုံးသူ ဒဏ်ရာရရှိခဲ့သူများ ရှိခဲ့ပါတယ်။ ဒီလို စစ်တပ်ကို ၀င်ရောက်နှိမ်နင်းစေခဲ့တဲ့သူတွေထဲမှာ ကိုရီးယားအစိုးရကို ကိုယ်စားပြုတဲ့ ကိုရီးယားသံရုံးနဲ့ ကိုရီးယားလုပ်ငန်းရှင်တွေ ပါဝင်နေကြပါတယ်။

ကျနော်တို့ နိုင်ငံဟာလည်း လက်ရှိ အလားတူ ဝေဒနာကို ခံစားနေရပါတယ်။ တိုင်းတပါးအစိုးရနဲ့ တိုင်းတပါးလုပ်ငန်းရှင်တွေရဲ့ မြန်မာပြည်တွင်း ၀င်ရောက်နယ်ချဲ့မှု၊ အရည်အချင်းမဲ့မြန်မာအစိုးရကို သူတို့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးပြုကာ ကျနော်တို့ပြည်သူတွေ အလုပ်သမားတွေကို ဖိနှိပ်နေတာမို့ မြန်မာပြည်သူတွေနဲ့ အလုပ်သမားတွေရဲ့ နာကျင် ငြီးတွား အောင်ဟစ်သံများဟာ ခုထိ နေရာအနှံ့အပြားမှာ ဆူလောင်နေဆဲပါ။

 ဘ၀တူ အလုပ်သမားများရဲ့ မတရား ဖိနှိပ်ခံရမှုကို ကျနော်တို့ တာဝန်သိတတ်တဲ့ မြန်မာအလုပ်သမားများအနေနဲ့ ဒီအတိုင်း ကျော်လွန်သွားဖို့ဟာ မသင့်တော်ပါ။ တက်ရောက်နိုင်သူ အားလုံးကို ဖိတ်ခေါ်ပါတယ်။

မနက်ဖြန် ဆန္ဒပြပွဲကို လာရောက် ပူးပေါင်းမည့် ညီအကိုများအားလုံးကို နံပတ်၁လိုင်း 종각ဘူတာ(city hallဘူတာရဲ့နောက်တဘူတာ) ထွက်ပေါက်၎မှာ မနက်၁၀နာရီ ၅၀မိနစ်ထိ ကျနော် စောင့်နေပါ့မယ်။

ဒီလင့်မှာ သွားပြီး ကမ်ဘောဒီးယားအစိုးရရဲ့ ရက်စက်မှုကို လက်မှတ်ရေးထိုး ကန့်ကွက်နိုင်ပါတယ်။

Labor is the one!!

No comments: