Sunday, April 5, 2009

မြိတ်မြို့နယ်အသင်း (ကိုရီးယား) ရဲ့ မဟာသင်္ကြန် အလှူတော်

ကိုဝိုင်း(မိုးညှင်း)
ဧပြီလ ၅ ရက် ၊ ဆောအူးလ်မြို့ ။

မြိတ်မြို့နယ်အသင်း (ကိုရီးယား)က ၁၃၇၁ခုနှစ် မဟာသင်္ကြန်ကာလ အလှူတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်-

ရက်စွဲ ။ ၂ဝဝ၉ခုနှစ် ဧပြီလ ၁၂ ရက် ၊ တနင်္ဂနွေနေ့ ။
အချိန် ။ နေ့ လည် ၁၁ နာရီမှ နေ့ လည် ၂ နာရီထိ ။
နေရာ ။ ဓဓ္မဒူတ(ကိုရီးယား)

ဧည့်သည်တော်များကို မြိတ်သူမြိတ်သားများက အထူးတလည် စီမံချက်ပြုတ်သော မြန်မာ ထမင်းဟင်းများဖြင့် ကြွေးမွေးလှူဒါန်းကြမည်ဖြစ်ပြီး ၊ အနုမောဒနာတရားတော်ကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒက က ဟောကြားချီးမြှင့်တော်မူမည် ဟုဆိုသည် ။

ဆရာတော် ဒေါက်တာ အရှင်နန္ဒက သည် တောင်ကိုရီးယားနိုင်ငံသို့ မတ်လ ၁၁ ရက်က ရောက်ရှိတော်မူလာကြောင်းနှင့် ၊ ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို အောက်ပါအတိုင်း ပူဇော်ကြည်ညိုခွင့်ရရှိခဲ့ပါသည်-

ဆရာတော် ဒေါက်တာအရှင်နန္ဒက ထေရုပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း
ဆရာတော် ဒေါက်တာအရှင်နန္ဒက အလောင်းအလျာ ကို ၊
ခမည်းတော် ဦးကျော်ခင် ၊ မယ်တော် ဒေါ်ခန့် တို့မှ ၁၉၆၅ ခု ၊
ဇုလိုင်လ(၃) ရက်နေ့တွင် မန္တလေးတိုင်း တပ်ကုန်းမြို့နယ်
သံပုရာကုန်းရွာ တွင်ဖွားမြင်တော်မူခဲ့ပြီး ၊ မွေးချင်း (၃) ဦးအနက်
အငယ်ဆုံး သားရတနာဖြစ်သည် ။


သာသနာ့ဘောင်သို့ရောက်ရှိတော်မူခြင်း
၁၉၇၅ခုနှစ် (၁၀) နှစ်သားအရွယ်တွင် ရှင်သာမဏေအဖြစ်သို့ရောက်ခဲ့ပြီး ၊ ၁၉၈၅ခုနှစ် ၊ ဧပြီလ(၁၀)ရက်နေ့၌ မန္တလေးမြို့၊ ရွှေလှန်ရပ်ကွက်နေ ရှေ့နေကြီးများဖြစ်ကြသော ဦးလှကို ၊ ဒေါ်သန်းရွှေ မိသားစုတို့၏ ပစ္စယာ နုဂ~ဟ ကို ခံယူကာ ၊ မန္တလေးမြို့ စိန်ပန်းရပ်ကွက် မဟာစည်သာသနာ့ရိပ်သာတွင် မြန်အောင်ဆရာတော် ဦးဝါယာမိန္ဒကို ဥပစ္ဇျာယ်ပြု၍ မြင့်မြတ်သော ရဟန်း အ ဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည် ။
ထို့ပြင် ၊ ခမည်းတော်ဦးကျော်ခင် မယ်တော်ဒေါ်ခန့်တို့မှ(ဒုတိယအကြိမ်) ၊ ဒေါ်ဥတ္တရာစာရီ နှင့် တပည့်များက (တတိယအကြိမ်) ၊ ဒေါ်နွယ် မိသားစုမှ(စတုတ္ထအကြိမ်) ရဟန်းဒါယကာ ဒါယိကာမများအဖြစ် ခံယူခဲ့ကြပါသည် ။
ပရိယတ္တိဆည်းပူးခြင်း
- ၁၉၈၁ မှ ၁၉၈၅ ခုနှစ်အထိ သာမဏေ သကျသီဟစာမေးပွဲ ပထမဆင့် ဒုတိယဆင့်နှင့် အစိုးရ ပထမငယ် ပထမလတ် ပထမကြီးတန်းတို့ကိုအောင်မြင်ခဲ့သည် ။
- ၁၉၉၄ ခုနှစ်တွင် သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့နှင့် ဘီအေ( မြန်မာစာ) ဘွဲ့တို့ကိုရရှိတော်မူခဲ့သည်။
- ၁၉၉၇ ခုနှစ်တွင်သီရိလင်္ကာနိုင်ငံမှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိတော်မူခဲ့သည် ။
- ၂၀၀၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ပါရဂုဘွဲ့ ရရှိတော်မူခဲ့ ပါသည် ။
သာသနာ့တာဝန်များဆောင်ရွက်တော်မူခြင်း
အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ၁၉၉၈ /၉၉ ခုနှစ်တို့တွင် လက်ထောက် ကထိက အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မှ ယနေ့အထိ မဟာဝိဇ္ဇာကျောင်းသားများအား ပြင်ပစာစစ်ဆရာတော် အဖြစ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာအဘိဓမ္မ မဟာသိပ္ပံတက္ကသိုလ်၌ ပါမောက္ခ ဆရာတော်အဖြစ် ဆောင်ရွက်ဆဲဖြစ်ပါသည်။ ၂၀၀၅ ၌ မင်္ဂလာဒုံမြို့နယ်တွင် နန္ဒကာရာမကျောင်းတိုက်ကို တည်ထောင်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။
ဓမ္မဒူတနှင့် ပြည်ပသာသနာပြုခရီးများ
ဆရာတော်သည် သီရိလင်္ကာ၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ အမေရိကနိုင်ငံများသို့ကြွရောက်၍ အခါအားလျှော်စွာ သင်တန်းများပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားစခန်းဖွင့်လှစ်ခြင်းစသော သာသနာ့ တာဝန်များကို ဆောင်ရွက်တော်မူလျက်ရှိသည် ။
ကျေးဇူးရှင်ဆရာတော်ကြီးများ
ဆရာတော်၏ ကျေးဇူးရှင်ဆရာတော်များမှာ တပ်ကုန်းမြို့ ဆရာတော်ဦးသောဘန ၊ ငွေတောင်တောရ ဆရာတော် ဦးသောမန ၊ မန္တလေးမြို့ ညောင်ကန်တိုက် ဓမ္မာစရိယ အေးကျောင်းဆရာတော် ၊ မဟာမြိုင်ကျောင်းတိုက်မှ ဆရာတော်နှင့် စာချဆရာတော်များ ၊ မစိုးရိမ်တိုက်သစ် ၊ တိုက်ဟောင်း နှစ်တိုက်မှဆရာတော်နှင့် စာချ ဆရာတော်များ ၊ မဟာဝိသုဒ္ဓွါရုံ တိုက်သစ် သံတော်ဆင့် ဆရာတော်နှင့် စာချဆရာတော်များ နှင့် နောင်တော် ဓမ္မဒုတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ တို့ဖြစ်ပါသည် ။


No comments: