ကိုရီးယားနိုင်ငံရောက် ရွှေညီအစ်ကိုအားလုံးတို့ အတွက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် အတာကူးသည့်လတန်ခူး၏ အထူးအစီအစဉ်အဖြစ် ပထမအကြိမ် ရောင်ခြည်တော်ဖွင့်ပွဲနှင့် ဆွမ်းတော်ကြီးကပ် ဘုရားအနေကဇာတင်ပွဲကို ဧပြီလ ၁၂ ရက် ၂၀၀၉ တနင်္ဂနွေနေ့ နံနက် ၆ နာရီတွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သူတော်စင် ဓမ္မမိတ်ဆွေတို့ အနေဖြင့် ဆွမ်းတော်, ရေ ,မီး ,ပန်း ,သစ်သီးစုံ
စသည့်အဖုံဖုံတို့ကို ကြည်သာရွှင်မြှူး သဒ္ဓါထူးဖြင့် အများထက်လက်ဦးအောင် နည်းများမဟူ ပါဝင်လှူဒါန်းလိုသူများ လှူဒါန်း ကုသိုလ်ယူနိုင်စေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ပါသည်။
~~~~ အစီအစဉ်~~~~
၁။ ရောင်ခြည်တော် ဖွင့် ပွဲ (ဧပြီလ ၁၁ရက် ၂၀၀၉ ခုနှစ် စနေနေ့ ညနေ ၈ နာရီ)
(ရှေးဦးစွာ ငါးပါးသီလ ခံယူခြင်း၊ဆင်းတုတော်များကို ရေသပ္ပါယ်ခြင်း၊ ရောင်ခြည်တော်
ဖွင့်ခြင်း၊ စုပေါင်းဘုရားရှိခိုးခြင်း)(အကြံပြုချက်။ ။ခြေ၊လက၊်အင်္ဂါ သန့်စင်ဆေးကြော ပြီးမှကြွရောက် ကုသိုလ်ယူပေးကြပါရန်)
၂။ ဆွမ်းတော်ကပ် ဘုရားအနေကဇာတင်ပွဲ (ဧပြီလ ၁၂ ရက် ၂၀၀၉ တနင်္ဂနွေနေ့ နံနက် ၆ နာရီ)
(သံဃာတော်များနှင့်ကြွရောက်လာကြသူများ အားလုံးစုပေါင်း ဆွမ်းတော်ကြီးကပ် အနေကဇာတင်ခြင်း)
ဧပြီလ ၁၁ရက် ည ရောင်ခြည်တော် ဖွင့်ပွဲကြွရောက်လာကြသူများအား ကျောင်းတော်မှ မြန်မာထမင်း ဟင်း၊လက်ဖက်ရည်၊စမူဆာတို့ဖြင့် ကျွှေးမွေးဧည့်ခံပါမည်။
ဧပြီလ ၁၂ရက် တနင်္ဂနွေနေ့တွင် ကိုနိုင်ဝင်းအောင် +မတင်တင်လှတို့က သမီးရတနာ ခင်နွေဦးသံစဉ် (ခ)ဂျူးဂျူးနှင့်ချိုနဒီသံစဉ်(ခ)ကူးကူးတို့အတွက်(၁)နှစ်မြောက် မွေးနေ့အလှူအဖြစ် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည်။
အနေကဇာတင်ပွဲ စတင်ချိန်~~~နံနက် ၆ နာရီ(တနင်္ဂနွေနေ့ )
တရားပွဲအချိန် ~~~ မွန်းလွဲ ၁နာရီခွဲ
နေရာ ~~~မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်(၀၃၂ ၅၁၁ ၂၈၄၁)
ဧည့်ခံ ကျွေးမွေးရေး ~~~မုန့် ဟင်းခါး(မနက်)၊ဒံပေါက်(ကြက်သား)
--------------*******-------------
(၅.၄.၀၉)တနင်္ဂနေ့  ဖြိုးတင့်၊စိုးထိုက်၊၀င်းနိုင်ထွန်း၊ မင်းထွန်းထွန်းနိုင်၊အောင်ကျော်ဇော်တို့သူငယ်ချင်းတစ်စု
(ကြက်ဆီထမင်း၊ ကြက်သားဒံပေါက်(သစ်သီးစုံ) အချိုရည်)
(၇.၄.၀၉)မိခင်ကြီးအား၇ည်စူး၍သားကိုလေးမြင့်မှအရုဏ်ဆွမ်း နေ့ဆွမ်း (မြန်မာထမင်းဟင်း)
(၈.၄.၀၉)ဗုဒ္ဓဟူးနေ့  ဒေါ်ဝင်နီမောင်မောင်(၅၈နှစ်)လလည်ဆွမ်းသွတ်(မြန်မာထမင်းဟင်း)
(၁၂.၄.၀၉)တနင်္ဂနေ့  ကိုနိုင်ဝင်းအောင် +မတင်တင်လှတို့က သမီးရတနာ ခင်နွေဦးသံစဉ် (ခ)ဂျူးဂျူးနှင့်ချိုနဒီသံစဉ်(ခ)ကူးကူးတို့အတွက်(၁) နှစ်မြောက် မွေးနေ့အလှူ
(၁၉.၄.၀၉)တနင်္ဂနေ့  ကိုပြည့် ဖြိုးဝင်း+မခိုင်စည်သာအောင် တို့၏မွေးနေ့အလှူဆွမ်း
ကြာဇံကြော်၊Spaghetti (အီတာလျံခေါက်ဆွဲ)၊
(၁၉.၄.၀၉)တနင်္ဂနေ့  မြန်မာရိုးရာ ရွှေရင်အေး၊သာကူယိုတို့ ကို ကျောင်းတော်နှင့်ပူချွှန်းသင်္ကြန်ပွဲတွင်သာသနာပြုကျောင်းတော် က စတုဒီသာကျွှေးမွေးဧည့်ခံပါမည်။
(၂၆.၄.၀၉)တနင်္ဂနေ့ ကိုအောင်ကျော်သူငြိမ်း ၏နှစ်သစ်ကူးအလှူတော်အဖြစ် (အရုဏ်ဆွမ်း နေ့ဆွမ်း )
(၃.၅.၀၉)ကိုဝင်းနိုင်ဦးနှင့်သူငယ်ချင်းများမှနှစ်သစ်ကူးအလှူတော်အဖြစ်(အရုဏ်ဆွမ်း နေ့ဆွမ်း )
(၁၀.၅.၀၉)ခရမ်းညီအစ်ကိုများ ၏အလှူတော်(အရုဏ်ဆွမ်း နေ့ဆွမ်း )
(၁၇.၅.၀၉)ကိုရွှေအိုးစည်(ခ)ငြိမ်းမောင်သန်း၏မွေးနေ့အလှူ
အဖြစ် (အရုဏ်ဆွမ်း နေ့ဆွမ်း )
(၂၄.၅.၀၉)ကိုစိုးမင်းဟန်နှင့်သူငယ်ချင်းများ၏အလှူတော်(အရုဏ်ဆွမ်း နေ့ဆွမ်း )
Wednesday, April 8, 2009
ဆွမ်းတော်ကြီးကပ် ဘုရားအနေကဇာတင်ပွဲနှင့်အမွှာညီအစ်မ ခင်နွေဦးသံစဉ်၊ချိုနဒီသံစဉ်တို့ (၁) နှစ်မြောက် မွေးနေ့အလှူတော်ဖိတ်ကြားခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment