Wednesday, April 8, 2009

ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTVရံပုံငွေရှာဖွေပွဲသို့ ဖိတ်ခေါ်အပ်ပါသည်။

နိုင်ငံအမျိုးမျိုးမှ လာရောက် အလုပ်လုပ်ကိုင်နေထိုင်ကြသော ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားတို့၏
ရင်ဖွင့်သံ၊ အလုပ်သမားအခွင့်အရေး၊ ရွှေ့ပြောင်းသူတို့၏ လုံခြုံရေး၊ ရွှေ့ပြောင်းသူတို့၏ ရင်သွေးငယ်များ၏ ပညာရေးနှင့် အနာဂတ် အရေး၊ လုပ်ငန်းခွင်တွင်း လုံခြုံမှုနှင့် ကျန်းမာရေးဆိုင်ရာ၊ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ စသည်တို့ကို ကိုရီးယားနိုင်ငံအတွင်း ရုပ်သံဖြင့် ထုတ်လွှင့် ပြသပေးနေသည့်
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန MWTV၏ ၄နှစ်ပြည့် အထိမ်းအမှတ်ရံပုံငွေရှာဖွေပွဲအား ပြုလုပ်မည်ဖြစ်ပါသဖြင့် ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားအပေါင်းအား တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
ကိုရီးယားအစိုးရသစ် တက်ပြီးနောက် ကိုရီးယားလူထုကိုယ်စားပြု အသံလွှင့်ဌာနများ သာမက ရွှေ့ပြောင်းအလုပ်သမားတို့ ရင်ဖွင့်သံကို ထုတ်လွှင့် တင်ပြနေသော MWTVသည်လည်း အစိုးရ၏ မလိုလားမှုကို ခံနေရသည်။
ပြည်သူ့အသံ၊ ရွှေ့ပြောင်းသူတို့အသံကို နားထောင်လိုသော ပြည်သူများ၏ ထောက်ခံအားပေးမှုကြောင့် ကြံ့ကြံ့ခံရပ်တည် နေသော်လည်း MWTV အနေဖြင့် ကာယကံရှင် ရွှေ့ပြောင်းအလုပ်သမားတို့၏ ထောက်ခံ အားပေးမှုကို ပိုမို အလိုလားဆုံး ဖြစ်ပါသည်။
မိမိတို့ အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ရင်ဖွင့်ပြောဆိုခြင်း၊ အတူ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ တန်းတူ ညီမျှသော အလုပ်သမားအခွင့်အရေးကို ရရှိနိုင်မှာ ဖြစ်ပါသည်။ အာဏာရှင်ဆန်သူတို့ မည်သည် အင်အားနည်းသူတို့အပေါ် စေတနာ ထားရှိခြင်း မရှိသလောက် နည်းပြီး အခွင့်အရေးတန်းတူညီမျှပေးဖို့ကိုလည်း အထူး ၀န်လေးသူများ ဖြစ်ကြသည်။
သို့သော် "ပြိုင်တူတွန်းက ရွေ့သည်"ဆိုသည့် စကားအတိုင်း ရွှေ့ပြောင်းအလုပ်သမားတို့ တက်ညီလက်ညီ အတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အလုပ်သမား အခွင့်အရေးအပြည့်အ၀ အရယူကြပါစို့။ ။
စိုးမိုးသူ
ဥက္ကဌ
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTV
အောက်တွင် ရံပုံငွေရှာဖွေပွဲနှင့်ပတ်သက်သည့်အသေးစိတ်အား ဆက်လက်ကြည့်ရှုပါ။

ရံပုံငွေရှာဖွေပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်။

  • ရွှေ့ပြောင်းအလုပ်သမားများနှင့် ကိုရီးယားပြည်သူများအကြား ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု တည်ဆောက်ရန်။
  • ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTV၏လှုပ်ရှားမှုများ၊ ရှေ့လုပ်ငန်းစဉ်များအား တင်ပြခြင်း၊ အကြံတောင်းခံခြင်း။
  • ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများ၊ ကိုရီးယားအဖွဲ့အစည်းများ အသီးသီးတို့ ဆုံတွေ့ခြင်းဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မည့်လှုပ်ရှားမှုများအား ဆွေးနွေးခြင်း။

နေ့ရက်။ ။

ဧပြီလ ၂၅ရက် စနေနေ့ည ၆နာရီမှ ည ၁၁နာရီအထိ
နေရာ။ ။
မြေအောက်ရထားလိုင်းနံပါတ်၁ နမ်းယောင်းဘူတာ(남영)ရှေ့ ZUMစားသောက်ဆိုင်
လမ်းညွှန်။ ။
ထွက်ပေါက်တခုသာရှိသည့် နမ်းယောင်းဘူတာမှ ထွက်ပြီး ညာဘက်ရှိ လူကူးမျဉ်းကြားမှတဆင့် လမ်းတဘက် ကမ်းသို့ကူးပြီး ညာဘက်သို့ အနဲငယ်လျှောက်ပါက ကိတ်မုန့်ဆိုင်အပေါ်ထပ်တွင်ရှိ ZUM စားသောက်ဆိုင်။



ဝင်ကြေး လက်မှတ်။ ။
ဝမ်၁သောင်း
ရောင်းချမည့် အစားအသောက်။ ။
မြန်မာ၊နီပေါ၊အင်ဒိုနီးရှား၊တရုတ်၊ကိုရီးယားအစားအစာများနှင့် ဘီယာ။
ဖျော်ဖြေရေး။ ။
ကိုရီးယားအဆိုတော်များ၊တီးဝိုင်းများ။ရွှေ့ပြောင်းအလုပ်သမားရေဒီယိုအစီအစဉ်။

Go to MWTV Web site.........> www.mwtv.kr

No comments: