ရေးသားသူ — မောင်
မြင်မြင်ချင်းချစ်မိတဲ့အဖြစ်
အပြစ်တစ်ခုလို့ မြင်လေမလား .....ချစ်သူ။
မဖြစ်နိုင်မှန်း သိလျှက်
မျိုသိပ်ဖို့  ခက်တဲ့
ကျွန်တော့် စကားတစ်ခွန်းဟာလည်း
ကဗျာတော့ ဆန်ချင်မှဆန်ပေလိမ့်မယ်။
တကယ်တော့
ချစ်တယ် ဆိုတာထက်
ပြီးပြည့်စုံတဲ့ စကား
ရှိနိုင်မယ်မထင်ပါဘူးချစ်သူ။
မျှော်လင့်ချက်တို့ နောက်ကွယ်က
တိုးတိတ်စွာစိုးထိတ်နေမိတဲ့
ကျွန်တော့်ရဲ့  ခံစားချက်ဆိုတာ
ချစ်သူအတွက်တော့ ဟာသတစ်ခုပေါ့။
ကြယ်ကလေးတွေက လွဲလို့ ပေါ့
အဖေါ်မဲ့ နေတဲ့
ကျွန်တော့်ရဲ့  အထီးကျန်ညတွေမှာ
ချစ်သူဟာ လကလေးတစ်စင်းတော့
ဖြစ်နိုင်ကောင်းပါရဲ့ ။
ဘာမှမဖြစ်သလိုနဲ့ 
နှလုံးသားစာမျက်နှာပေါ်
အလွမ်းကဗျာ တွေရေးရင်း
တိတ်တိတ်ကလေး ကြေကွဲ
မျှော်လင့်နေဆဲ မျှော်နေဆဲပါချစ်သူ။
5 comments:
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေ၊လ တွေ ကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာ ကြေ
မသွေကွဲ့ မယ် စိတ်တွင်လေ၊
ချစ်တဲ့သူ အမူတုံးလေးက
တိမ်စဉ် လနှယ် အလှကြွယ်ရှာသလေ
ကြာကြာလေ မရိုးတဲ့အပြင်
ဆတဖိုး တိုးတဲ့အချစ်တွေ
ကမ္ဘာတွေ အသင်္ချေအဆုံးတိုင်
မကွဲအောင် တောင်းဆုကိုခြွေ
လှသထက်လှမယ်ဆိုရင်
မောင့် အသားတွေ၊အသဲတွေ၊နှလူံးတွေ
အသုံးပြုပါလေ ကြည်ဖြူပါတယ် မေ
လိုရာကို ယူစေ........။
(မှတ်ချက်)
အမည်မသိရှေးစာဆို
မိန်းမဆိုတာ ဂြိုလ်နဲ့  နွား လို
မလိုတမာထားရင် တအားခွေ့ ဖို့ ကြံ
အသုံးဂင်တာလည်း ဧကန်အမှန်
မုန်း ချင်စရာလည်း ဧကန်အမှန်
ဒီလိုဆိုစိတ်ဆိုးမယ်ကြံ
မိန်းမ တိုင်းကပြုမယ့် ရန်
ကျွှန်တော်ကိုယ်တိုင် မိန်းမများနဲ့
မကင်းသေးတာ အမှန်......
လိုတာကျွှန်တော် မငြင်းဆန်.....
(မှတ်ချက်)
ဦးအရိုင်း သီချင်း
ကိုအောင်ခိုင်
ဓူဝံကြယ်... ဆိုတဲ့ စာသားတွေက မြို့ငြိမ်း ရဲ့ `သက်ဝေ´ သီချင်းထဲကပါ။
ဆရာအောင်ခိုင်(မန်း)ရေ... အဲဒီသီချင်းလေးအကြောင်း ပို့စ်အနေနဲ့ ရေးမယ်ဆိုပြီး ဘယ်လို ဘယ်လို မန့်လိုက်တာလဲဗျာ...။ ပို့စ်တက်လာမယ်ဆိုလို့ မျှော်နေတာ...။
သူကြီး.....ကျေးဇူးတင်ပါတယ်။အဖြေကိုသိချင်နေတာ
အတော်ကိုကြာပါပြီ။လတ်စသတ်တော့ ဆရာကြီး မြို့မငြိမ်းရဲ့လက်ရာကိုး....တကယ့်ကို တော်ပါပေတယ်ဗျာ။....
ဆရာညီဇေရေ......ဆရာက ဆရာပါ ဆရာရယ်
ပို့စ်အနေနဲ့ ရေးဖို့ဆရာအဆင့် မဟုတ်တော့အချိန်အများကြီး ယူရပါတယ်။
အလုပ်ကလည်းနေ့စဉ်ရက်ဆက် စနေနေ့ ကလွဲရင်၁၁၊၁၂ နာရီချည်း.....။***စိတ်ညစ်တယ်...လိပ်ဖြစ်တာ အခွံထူလို့ ***စိတ်သွားတိုင်း ကိုယ်ပါနိုင်တဲ့ အတောင်ပံ
တစ်စုံသာရှိခဲ့ရင်...............ဆရာရယ်
Post a Comment