ကိုရီးယားရောက် မြန်မာနိုင်ငံသားအလုပ်သမားများအပေါင်းတို့~
လာမယ့် မေလ ၂၁ရက်နေ့ ကြာသပတေးနေ့ ညနေ၇နာရီ ဆိုးလ်မြို့ ဒုန်းဂုတက္ကသိုလ် စီမီနယ်အခန်းဆောင် မှာ "ကိုရီးယားစီးပွားရေးအကြပ်အတည်းအကြားရွှေ့ပြောင်းအလုပ်သမားများဘ၀အခြေအနေ"ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုရီးယားတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများရှေ့မှောက် ဟောပြောပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ကိုရီးယား ဆောင်ဂုန်ဟွဲတက္ကသိုလ်ပါမောက္ခနှင့်အတူ ရွှေ့ပြောင်းအလုပ်သမားများကိုယ်စား ကျနော်က တာဝန်ယူ တက်ရောက်ဟောပြောမှာ ဖြစ်ပါတယ်။
ကိုရီးယားမှာ လာရောက် အလုပ်လုပ်ကိုင်နေထိုင်ကြသော
အီးပီအက်စ်စနစ်အောက် အလုပ်သမား၊
အထောက်အထားမဲ့ အလုပ်သမား၊
နိုင်ငံရေးခိုလှုံခွင့်ဖြင့် အလုပ်လုပ်ကိုင်နေသူများ အားလုံး အနေနဲ့ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်တဲ့အခါမှာ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေကို ဟောပြောဖို့စီစဉ်နေပါ တယ်။
ညီအကိုတို့ရဲ့ လက်ရှိအခက်အခဲများ
(အလုပ်အကိုင်ရှာဖွေခြင်းဆိုင်၇ာအခက်အခဲများ၊လစာမမှန်ခြင်း၊လစာငွေများမှ အကြောင်းအမျိုးမျိုးပြပြီး ဖြတ်တောက်ခံနေရခြင်း၊ ရွှေအင်အား၊ နအဖသံရုံး အစရှိသည်တို့မှ ဖြတ်တောက်ကောက်ခံနေခြင်းနှင့် အခြား စသည် စသည်) တခုမကျန်တင်ပြဟောပြောနိုင်ရန်အတွက် ညီအကိုတို့ရဲ့ ရင်ဖွင့်သံများကို အလိုရှိပါတယ်။
အဆင်ပြေမယ့် ညီအကိုများအနေဖြင့် ကျနော့်ထံ မေလ၂၀ရက်နေ့ နောက်ဆုံးထားပြီး အီးမေးလ်(သို့မဟုတ်)ဖုန်းဖြင့်ဆက်သွယ်ပြီး မိမိတို့ အခြေအနေအခက်အ ခဲများကို ပြောပြခြင်းဖြင့် ကိုရီးယားရောက်ရွှေ့ပြောင်းအလုပ်သမားများ အားလုံးအတွက် အကျိုးရှိစေမယ့် ပူးပေါင်းလုပ်ဆောင်မှုကို ပြုလုပ်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။
လေးစားစွာဖြင့်
စိုးမိုးသူ
ဥက္ကဌ
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန(MWTV)
mail- smthu2006@gmail.com
ph-010-7155-6581
Friday, May 15, 2009
ရွှေ့ပြောင်းအလုပ်သမားအရေး အတူပူးပေါင်းဆောင်ရွက်ကြပါစို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment